-
နေပြည်တော် ဖေဖော်ဝါရီ ၁၇
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ၂ နာရီခွဲခန့်တွင် ပေကုန်းကျေးရွာ၏ အနောက်ဘက်မီတာ ၄ဝဝခန့်အကွာ၌ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ထွန်စက်လေးစီး၊ မော်တော်ယာဉ်တစ်စီး၊ ထော်လာဂျီတစ်စီး၊ အင်ဂျင်မျိုးစုံ ၁၅ လုံး၊ မီးစက်နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
-
-
အဆိုပါသိမ်းဆည်းရမိတရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ်များ၊ အင်ဂျင်စက်များနှင့်ဆက်စပ်ပစ္စည်းများအား မံထုန်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment