Social Icons

Pages

Tuesday, February 5, 2019

ကမ္ဘာ့ကင်ဆာနေ့ အခမ်းအနားနှင့် အော်ဂဲနစ် ဈေးရောင်းပွဲတော် ကျင်းပ

ကမ္ဘာ့ကင်ဆာနေ့ အခမ်းအနားနှင့် အော်ဂဲနစ် ဈေးရောင်းပွဲတော် ကျင်းပ
-
ရန်ကုန်   ဖေဖော်ဝါရီ   ၄ 
-
မြန်မာနိုင်ငံ  စားသုံးသူ ကာကွယ်ရေး အသင်းမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့ကင်ဆာနေ့ အခမ်းအနားနှင့် အော်ဂဲနစ် ဈေးရောင်းပွဲတော်ကို  ယနေ့တွင် ရန်ကုန်မြို့ ဆူးလေစေတီတော် အနီး  မဟာဗန္ဓုလပန်းခြံရှေ့၌ ကျင်းပသည်။ 
-
''ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း လျှော့ချဖို့ဆိုရင် ကင်ဆာရောဂါ ဖြစ်ပွားရတဲ့အကြောင်း ရင်းတွေကို သိဖို့လိုပါတယ်။  ကင်ဆာရောဂါ ဖြစ်ပွားရတဲ့ အကြောင်းရင်း  သုံးခုရှိပါတယ်။ ဒါတွေကတော့ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ လေထု ညစ်ညမ်းမှုကြောင့် ကင်ဆာရောဂါ ဖြစ်ပွားတာရယ်၊ စားသောက်နေထိုင်မှု စရိုက်၊ အန္တရာယ်ရှိတဲ့ အစားအစာတွေကြောင့် ကင်ဆာရောဂါဖြစ်ပွားတာနဲ့ မျိုးရိုးဗီဇကြောင့်ကင်ဆာရောဂါ ဖြစ်ပွားတာဆိုပြီး ခွဲထားပါတယ်။   မျိုးရိုးဗီဇကြောင့်  ကင်ဆာရောဂါ ဖြစ်ပွားတာကတော့  ကျွန်တော်တို့ ဘာမှမလုပ်နိုင်ဘူး ဆိုပေမယ့်  အော်ဂဲနစ်သီးနှံတွေမှာ ပါတဲ့ Antioxidant ဓာတ်တွေကတော့  ကင်ဆာရောဂါကို    အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်''ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။  
-
ကမ္ဘာ့ကင်ဆာနေ့ အခမ်းနားတွင် ကင်ဆာနှင့် ပတ်သက်သည့် ဟောပြောပွဲများကိုပါ ထည့်သွင်းကျင်းပကြောင်းနှင့် အော်ဂဲနစ် ဈေးရောင်းပွဲတော်တွင် သဘာဝအတိုင်း စိုက်ပျိုးထားသည့် အသီးအနှံနှင့် ဆိုးဆေးမပါဝင်သည့်  အစားအစာများကို ရောင်းချပေးကြောင်း သိရသည်။ 
-
အော်ဂဲနစ်ဈေးရောင်း ပွဲတော်ကို မြန်မာနိုင်ငံ  စားသုံးသူ ကာကွယ်ရေးအသင်း၊ ရန်ကုန်တိုင်းဒေသကြီး  စိုက်ပျိုးရေး ဦးစီးဌာနနှင့် အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့ ပူးပေါင်းပါဝင်ကူညီပေးကြောင်းနှင့်  မြန်မာနိုင်ငံသည် ကမ္ဘာ့ကင်ဆာရောဂါ အဖြစ်ပွားဆုံး နိုင်ငံ ၁ဝ  နိုင်ငံစာရင်း၌  ပါဝင်နေကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...