-
နေပြည်တော် ဖေဖော်ဝါရီ ၁၈
-
တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့်ရောက်ရှိနသော တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းရှိ ဒေသခံပြည်သူ ၄၇၅ ဦးကို အဆိုပါ ကျွန်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့သည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၈၆ ဦး၊ ခွဲစိတ်ရောဂါ ၄၆ ဦး၊ သားဖွား/မီးယပ်ရောဂါ ၇ဝ ဦး၊ ကလေးရောဂါ ၅၄ ဦး၊ အရိုးရောဂါ ၄၈ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၅၂ ဦး၊မျက်စိရောဂါ ၇၁ ဦးနှင့် သွား ရောဂါ ၄၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် အထွေထွေခွဲစိတ် လူနာ ကိုးဦး၊ မျက်စိခွဲစိတ်လူနာ ၁၇ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်၌ ခွဲစိတ်ကုသပေးသည်။
-
-
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၁၁ ဦး၊ တယ်လီ ဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၁၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ၁၄ ဦးနှင့်ဓာတ်ခွဲစမ်းသပ်လူနာ ၃၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သူ ရှစ်ဦးအား ဆေးရုံရေယာဉ်ပေါ်၌ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment