Social Icons

Pages

Thursday, February 7, 2019

တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ
-
နေပြည်တော်  ဖေဖော်ဝါရီ   ၆ 
-
(၇၄)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၆)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဒုတိယနေ့ အုပ်စု (၂)ပြိုင်ပွဲများကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိစစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်ရာရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း အသင်းတို့  ယှဉ်ပြိုင်ခဲ့ကြပြီး နေ့လယ်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း အသင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် အနောက်မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်ကိုယ်စားပြုစစ်တီးဝိုင်း အသင်းတို့ အသီးသီး ယှဉ်ပြိုင်ခဲ့ကြသည်။
-
အဆိုပါပြိုင်ပွဲကို (၂၆)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့် တပ်မတော် အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များနှင့်ဖိတ်ကြား ထားသော ဧည့်သည်တော်များ ကြည့်ရှု အားပေး ခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...