Social Icons

Pages

Tuesday, January 8, 2019

မုန်တိုင်းငယ် (DEPRESSION) ၏ လက်ရှိ အခြေအနေကို လိမ္မော်ရောင် အဆင့်သတ်မှတ်

-
နေပြည်တော်    ဇန်နဝါရီ   ၇ 
-
ယနေ့ည  ၆  နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ် လျက် ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ် (Depression) သည် သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက် တောင်ဘက် မိုင် ၁၁ဝ ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyikyun)၏ အနောက်တောင်ဘက် ၂၃၅ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ ပို့ပလဲယားမြို့ (Port Blair) ၏ အနောက် မြောက်ဘက် မိုင် ၈ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ 
-
မုန်တိုင်းငယ် (Depression) ၏ လက်ရှိ အခြေအနေမှာ မြန်မာ နိုင်ငံဘက်သို့  ဦးတည်ရွေ့လျားမည့်အခြေအနေ ရှိနိုင် သဖြင့် လိမ္မော်ရောင် အဆင့်ဟု သတ်မှတ်သည်။ မုန်တိုင်းငယ် (Depression) သည် မြောက်- အရှေ့မြောက် ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၁၂နာရီအတွင်း လေဖိအားနည်း ရပ်ဝန်းအဖြစ် အားလျော့သွား နိုင်သည်ဟု ခန့်မှန်းရပါသည်။ မုန်တိုင်းငယ် (Depression) သည် ည ၆ နာရီခွဲတွင် မြောက်လတ္တီကျူ ၁၂ ဒသမ ၈ ဒီဂရီနှင့် အရှေ့လောင်ဂျီကျူ့ ၉၂ ဒသမ  ဝ)ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁ဝဝ၂ ဟတ်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းဖြစ်သည်။ 
-
မုန်တိုင်းငယ် (Depression) ၏ အရှိန်ကြောင့် ယနေ့ညမှ နောက် ၄၈ နာရီတွင် နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာ စိပ်စိပ်မှနေရာအနှံ့အပြားနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်း ထုတ်ပြန်ထားသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...