Social Icons

Pages

Thursday, January 10, 2019

ကရင်ပြည်နယ် မဟာဆဒ္ဒန် လိုဏ်ဂူတော်သို့ ခရီးသွားမှု များပြားလာသောကြောင့် လှေများ တိုးချဲ့ပြေးဆွဲပေး

ကရင်ပြည်နယ် မဟာဆဒ္ဒန် လိုဏ်ဂူတော်သို့ ခရီးသွားမှု များပြားလာသောကြောင့် လှေများ တိုးချဲ့ပြေးဆွဲပေး
-
ဘားအံ  ဇန်နဝါရီ  ၉ 
-
ကရင်ပြည်နယ် ဘားအံမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မဟာဆဒ္ဒန် လိုဏ်ဂူတော်သို့ လာရောက်သည့်  ခရီးသွား များပြားလာသောကြောင့် ဆဒ္ဒန်ရေချိုးကန်၌ လှေများတိုးချဲ့ ပြေးဆွဲပေးနေကြောင်း လှေဆိပ်တာဝန်ခံ ဦးစောအောင်ထွန်းဝင်း ထံမှ သိရသည်။ 
-
အဆိုပါ  ဆဒ္ဒန်ရေချိုးကန်၌ ယခင်က လှေအစင်းရေ  ၃ဝ  ဝန်းကျင်သာရှိရာမှ လက်ရှိတွင် ခရီးသွား ဧည့်သည်ဝင်ရောက် မှုများပြားလာသည်နှင့်အမျှ လှေအစင်းရေ ၈ဝ အထိ တိုးချဲ့ပြေးဆွဲနေရကြောင်း သိရ သည်။ 
-
ထို့ပြင် လှေတစ်စင်းလျှင် လူခုနစ်ဦး စီးနင်းနိုင်သဖြင့် လူဦးရေ အများအပြား လာရောက်သည့်ရက်များတွင် လှေမောင်းနှင်သူတစ်ဦးလျှင် ငွေကျပ် နှစ်သောင်း ဝန်းကျင်အထိ ရရှိသောကြောင့် တွက်ခြေကိုက် အဆင်ပြေလျက်ရှိသည်။ ''အစက ဒီမှာ လူက ဒီလောက်မများဘူး။ မိသားစုစားဝတ်နေရေးအတွက်က လုံလောက်ပါတယ်။ လူများတဲ့ရက်တွေရှိသလို လူလာနည်းတဲ့ ရက်တွေလည်းရှိပါတယ်'' ဟု လှေမောင်း ဦးစောအောင်နိုင်ကပြောသည်။ 
-
လှေစီး၍ ဧည့်သည်များ လာရောက်လည်ပတ်ခြင်းသည် မိုးတွင်းကာလတွင် ရပ်နားထားလေ့ရှိသည့် အတွက် လှေမောင်းသူများမှာ ယင်းကာလတွင် လယ်ယာ လုပ်ငန်းများနှင့် ကြုံရာကျပန်း လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုရကြောင်း သိရသည်။ အဆိုပါလှေဆိပ်ကို  နံနက်  ၆  နာရီမှ ည ၆ နာရီအထိ  ဖွင့်လှစ်ထားပြီး လိုဏ်ဂူတော်အထိ  တက်ရောက်နိုင်ခြင်း မရှိသူများနှင့် သဘာဝဆန်သည့် အလှအပများကို ခံစားလိုသူများ  အဓိက စီးနင်းကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...