Social Icons

Pages

Tuesday, January 22, 2019

ဇလွန်မြို့နယ်၌ ငမြှောင်တောင်ပိုး ကျရောက်နေမှုအား ကောင်းကင်ဆေးဖျန်း ကိရိယာဖြင့် နှိမ်နင်း

ဇလွန်မြို့နယ်၌ ငမြှောင်တောင်ပိုး ကျရောက်နေမှုအား ကောင်းကင်ဆေးဖျန်း ကိရိယာဖြင့် နှိမ်နင်း
-
ဇလွန် ဇန်နဝါရီ ၂၁ 
-
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ရေလဲကျေးရွာအုပ်စု ဒေါ်ငြိမ်းကုန်းကျေးရွာရှိ ပြောင်းစိုက်တောင်သူများ၏ စိုက်ခင်းများ၌ ငမြှောင်တောင်ပိုးများ ကျရောက်နေသည့် အတွက် ကောင်းကင်ဆေးဖျန်း ကိရိယာဖြင့် ဆေးဖျန်း ပက်ခြင်းကို ယမန်နေ့နံနက် ၁ဝ နာရီက ဆောင်ရွက်ကြသည်။ 
-
ထိုသို့ဆောင်ရွက်ရာတွင် ဇလွန်မြို့နယ် ရေလဲကျေးရွာအုပ်စု ဒေါ်ငြိမ်းကုန်းကျေးရွာရှိ ပြောင်းစိုက်တောင်သူများ၏ ပြောင်းစိုက်ပျိုးပြီး ၂၃၇၆၁ ဧကတွင် ၁၆၁၃၆ ဧကမှာ ငမြှောင်တောင်ပိုးများ ကျရောက်လျက်ရှိရာ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ရုံး၏ အစီအမံဖြင့် ထိုင်းနိုင်ငံမှ ပညာရှင်များ၊ တိုင်းဒေသကြီး စိုက်ပျိုးရေး မန်နေဂျာ ဦးစိန်မောင်မြင့်၊ တိုင်းသီးနှံပိုးမွှား တာဝန်ခံဦးဝင်းစိုး၊ ခရိုင်စိုက်ပျိုးရေးမန်နေဂျာ ဦးစန်းဝင်း၊ ဇလွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ရီရီမြင့်နှင့် ကျွမ်းကျင်ပညာရှင်များ၊ စိုက်ပျိုးရေးဦးစီး ဌာနရုံးချုပ်မှ ဝန်ထမ်းများက ကောင်းကင်ဆေးဖျန်း ကိရိယာစက်နှစ်လုံးဖြင့် ငမြှောင်တောင်ပိုး ကျရောက်နေသော ပြောင်းစိုက်ခင်းများအား ဆေးဖျန်းရာ တစ်ရက်လျှင် ဧက ၆ဝ မှ ဧက ၁ဝဝ အထိ ဆောင်ရွက်နိုင်ပြီး ဇန်နဝါရီ ၂၁ တွင် ကောင်းကင်ဆေးဖျန်း ကိရိယာလေးခုဖြင့် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...