-
နေပြည်တော် ဇန်နဝါရီ ၁၆
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အိုရီယမ်တယ်ဟိုင်းဝေး တိုးဂိတ်၌ ဌာန ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်း အဖွဲ့က မော်တော်ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ်ဇန်နဝါရီ ၁၅ ရက် ည ၇ နာရီခန့်တွင် နောင်ချိုမြို့ဘက်မှ ကျောက်မဲမြို့ဘက်သို့ စည်သူဝင်း(ဘ) ဦးနေဝင်း မောင်းနှင်၍ သက်အောင်ခိုင် (ဘ)ဦးမြင့်မောင် လိုက်ပါလာသည့် ၂၂ ဘီး ယာဉ်အမှတ်၊ 1F/---- အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် တင်ဆောင်လာသည့် ပိတောက်သစ်ခွဲသား ဆိုဒ်စုံ ၁၅ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါမော်တော်ယာဉ်၊ တရားမဝင်သစ်များနှင့်အတူ ဖမ်းဆီးရမိသူများအား ကျောက်မဲ မြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment