Social Icons

Pages

Thursday, January 17, 2019

ကျိုင်းတုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတို့၌ ပညာရေးစုံညီပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲများ ပြုလုပ်

ကျိုင်းတုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတို့၌ ပညာရေးစုံညီပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲများ ပြုလုပ်
-
နေပြည်တော် ဇန်နဝါရီ ၁၆ 
-
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတို့၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲနှင့်ပညာရည်ချွန်ဆုပေးပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်းများ၌ ပြုလုပ်သည်။ 
-
အဆိုပါ ပညာရေးစုံညီပွဲများသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး တိုင်းမှူးက အဖွင့်အမှာစကား ပြောကြား၍ ကျောင်းများအတွက် အလှူငွေများပေး အပ်လှူဒါန်းသည်။ 
-
ထို့နောက် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် ထူးချွန်ဆုနှင့်ဘက်စုံထူးချွန်ဆုရရှိကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...