Social Icons

Pages

Monday, January 21, 2019

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး လှုံ့ဆော်ရေး မြေစိုက်ပိုစတာများ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး လှုံ့ဆော်ရေး မြေစိုက်ပိုစတာများ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
-
မော်လမြိုင်ကျွန်း  ဇန်နဝါရီ  ၂ဝ
-
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး လှုံ့ဆော်ရေး မြေစိုက်ပိုစတာများ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများကို ယနေ့နံနက် ၁၁ နာရီတွင် မော်လမြိုင်ကျွန်းမြို့ မဟာဗန္ဓုလ ၁၁ လမ်းထိပ်ထောင့်၌ ဆောင်ရွက်သည်။
-
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ ရဲမှူးမျိုးမြင့်အောင်၊ အတွင်းရေးမှူး ဦးကျော်မောင်နှင့် အဖွဲ့ဝင်များ၊ သတင်းမီဒီယာအဖွဲ့ဝင်များနှင့် မြို့မရပ်ကွက် ပြည်သူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး လှုံ့ဆော်ရေး မြေစိုက်ပိုစတာများကို စုပေါင်းစိုက်ထူကြသည်။
-
ထို့နောက် တာဝန်ရှိသူများက ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်း လက်ကမ်းစာစောင်များကို ဒေသခံပြည်သူများထံ ဖြန့်ဝေပေးကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...