Social Icons

Pages

Tuesday, January 8, 2019

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၇
-
ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေး ရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့်    တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များ ပါဝင်သော တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ဇန်နဝါရီ ၆ ရက် နှင့်ယနေ့တို့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ်၊ကြာကွင်းကျေးရွာနှင့်ပတ် ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၂၆၈ဦးအား အဆိုပါကျေးရွာရှိ အခြေခံပညာမူလ တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
-
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၄၉ဝ ဦး၊ ခွဲစိတ်ရောဂါ ၂ဝ၃ ဦး၊ သားဖွား/မီးယပ် ရောဂါ ၁၄၆ ဦး၊ ကလေးရောဂါ ၁၉၄ ဦး၊ အရိုးရောဂါ ၃၃ဝ ဦး၊ နား/နှာခေါင်း/လည် ချောင်းရောဂါ ၁၃၄ ဦး၊ မျက်စိရောဂါ ၅၂၄ ဦးနှင့် သွားရောဂါ ၂၄၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာ ၂၃ ဦးနှင့်အထွေထွေ ခွဲစိတ်လူနာ ၇၉ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက်လူနာ၂၇ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၈၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၈ဝ ဦးနှင့်ဓာတ်ခွဲစမ်းသပ်လူနာ ၈၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
-
ထို့ပြင် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာသုံးဦးအား နီးစပ်ရာ တပ်မတော် ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...