Social Icons

Pages

Wednesday, January 9, 2019

မော်လမြိုင်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း (ရွှေနတ်တောင်)၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ပညာရေးစုံညီ ပွဲတော်ပြုလုပ်

မော်လမြိုင်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း (ရွှေနတ်တောင်)၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ပညာရေးစုံညီ ပွဲတော်ပြုလုပ်
-
နေပြည်တော်  ဇန်နဝါရီ  ၈
-
မွန်ပြည်နယ်၊  မော်လမြိုင်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(ရွှေနတ်တောင်) ၏  ၂ဝ၁၈-၂ဝ၁၉  ပညာသင်နှစ်  ပညာရေးစုံညီ ပွဲတော်ကို  ယနေ့နံနက်ပိုင်းတွင်  အဆိုပါ ကျောင်းခန်းမ၌ပြုလုပ်ရာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
-
-
ဦးစွာ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်ဒို့နွှဲပျော်၊ ဗိုလ်ရှုသဘင်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး   တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ   ကျောင်းလုပ်ငန်းဆိုင်ရာ ထူးချွန်ဆု၊  ခရိုင်နှင့် မြို့နယ်အဆင့် ကျပန်းစကားပြော ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ သင်္ချာအိုလံပစ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုများ ရရှိကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ကြသည်။
-
ယင်းနောက်  တိုင်းမှူးက   အခြေခံပညာ အထက်တန်းကျောင်း(ရွှေနတ်တောင်)သို့ ပညာရေး ရန်ပုံငွေအဖြစ် ငွေကျပ်ငါးသိန်း ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ချုပ်မှုတာဝန်ခံမှ လက်ခံရယူခဲ့ကြောင်းသတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...