Social Icons

Pages

Tuesday, July 7, 2015

အွန်လိုင်းတွင် ရောင်းချလျက် ရှိသော ဆေးဝါးများအနက် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများကို သုံးစွဲရန်မသင့်



ရန်ကုန် ၊ ၇-၇-၂ဝ၁၅

လက်ရှိ အွန်လိုင်းတွင် ရောင်းချလျက် ရှိသော ဆေးဝါးများ အနက် ဆေးဝါး မှတ်ပုံတင် ထားခြင်း မရှိသော ဆေးဝါးများကို ပြည်သူများ နေဖြင့် သုံးစွဲရန် မသင့်လျော်ကြောင်း မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များ နှင့် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါက်တာ ဝင်းစည်သူ ၏ ပြောကြားချက် အရ သိရသည်။

''အွန်လိုင်းမှာ ကြော်ငြာပြီး ရောင်းချတဲ့ ဆေးဝါးတွေမှာ မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန FDA ရဲ့ ခွင့်ပြုချက် မှတ်ပုံတင် နံပါတ် ရှိ၊ မရှိ စစ်ဆေးပြီးမှ ဝယ်ယူ သုံးစွဲသင့်တယ်။ သုံးစွဲမယ့်သူ ကလည်း ဆေးဝါးကို မှတ်ပုံတင် ထားခြင်း ရှိ၊ မရှိ ကြော်ငြာထားတဲ့ သူကို မေးမြန်းပြီး ရှိမှ ဝယ်သုံးသင့်တယ်။ ဘေးထွက်ဆိုးကျိုး မရှိမှ သုံးစွဲမယ့် လူတွေမှာ ထိခိုက်မှု မရှိမှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

လက်ရှိတွင် ပြည်ပမှ ဝင်ရောက်လာပြီး အွန်လိုင်း စာမျက်နှာပေါ်၌ ကြော်ငြာ ထားသည့် ဆေးဝါး (ယာပုံ) အမျိုးအစား များစွာ ရှိနေကြောင်း၊ အဆိုပါ ဆေးဝါးများ၏ ကြော်ငြာအား ကောင်းမွန်မှုကြောင့် လက်ရှိတွင် ပြည်သူ အများစုမှာ စိတ်ဝင်တစား ဝယ်ယူသုံးစွဲ လျက်ရှိနေပြီး အဆီချဆေး နှင့် အသားဖြူဆေး တို့ကို အမျိုးသမီး ငယ်များ အပြင် အမျိုးသားငယ် တချို့ပါ စိတ်ဝင်တစား ဝယ်ယူ သုံးစွဲလျက် ရှိကြောင်း သိရသည်။

''အခု အွန်လိုင်းမှာ ကြော်ငြာ ထားတာတွေ့ပြီး သဘောကျလို့ ဝယ်သောက် နေတဲ့ အသားဖြူဆေး က သောက်ပြီးရင် နှစ်ပတ်လောက် အပြင်မထွက် ရဘူးလို့ ဝယ်တဲ့ဆီက ညွှန်ကြား ထားတယ်။ သောက်ဆေးပါ၊ တစ်လအတွင်း အသားဖြူတယ် ဆိုလို့ ဝယ်သောက်တာ ဆေးဝါး မှတ်ပုံတင် ထားတာ ရှိ၊ မရှိ နဲ့ ဘေးထွက် ဆိုးကျိုး မရှိဘူးလို့ မသိရဘူးလေ'' ဟု အသားဖြူဆေး ဝယ်ယူ သုံးစွဲသည့် လူငယ်တစ်ဦး က ပြောသည်။

ချမ်းချမ်းကို

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...