Social Icons

Pages

Monday, December 24, 2018

မြောင်မြို့၌ ဆင်ဆင်သာသနာ့ ဗိမာန်တော် ဖွင့်ပွဲကျင်းပ

မြောင်မြို့၌ ဆင်ဆင်သာသနာ့ ဗိမာန်တော် ဖွင့်ပွဲကျင်းပ
-
မြောင်     ဒီဇင်ဘာ ၂၃ 
-
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြောင်မြို့ရှိ ရွှေပေါ်ကျွန်းစေတီတော် ဘုရားကြီးဝင်းအတွင်း၌ ယမန်နေ့နံနက်ပိုင်းက  ဆင်ဆင်သာသနာ့ ဗိမာန်တော်ဖွင့်ပွဲ ကျင်းပသည်။ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှင့် ဗိမာန်အလှူရှင်တို့က ဗိမာန်တော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ဆက်လက်၍  ဆင်ဆင်ပရိယတ္တိ စာသင်တိုက်ကြီး၏ ပဓာနနာယက ဆရာတော်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက   ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ 
-
ထို့နောက်  ဗိမာန်တော်အလှူရှင်က   သာသနာ့ဗိမာန်တော်ကြီး ဆောက်လုပ်လှူဒါန်း ရခြင်းနှင့် ပတ်သက် ၍  ရှင်းလင်းပြောကြားပြီး    ရွှေပေါ်ကျွန်းစေတီတော် ဘုရားကြီး ဂေါပကအဖွဲ့ထံသို့ ဗိမာန်တော်ကြီးနှင့် ပတ် သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်သည်။ 
-
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားကာ အလှူရှင်မိသားစု၊  ဧည့်ပရိသတ်များနှင့်အတူ   ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ  လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ 
-
အဆိုပါဆင်ဆင်သာသနာ့ ဗိမာန်တော်ကြီးကို   အလှူရှင်  ဦးအောင်ကြည် မိသားစုမှ ငွေကျပ် ၂၅၅၅ သိန်းတန်ဖိုးရှိ အလျား ၁၂၅ ပေ၊ အနံ ၈၄ ပေရှိ  ဗိမာန်တော်ကြီးအား မြောင်မြို့နယ်တွင် ကျင်းပသည့် သာသနာရေးဆိုင်ရာ စာမေးပွဲများ၊ ဘာသာရေးဆိုင်ရာ ပွဲများနှင့်အခြား အလှူမင်္ဂလာပွဲများ ကျင်းပနိုင်ရန်အတွက် ဆောက်လုပ် လှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...