Social Icons

Pages

Thursday, December 20, 2018

ဥပဒေနှင့် မညီသည့် စိုက်ပျိုးရေး အရောင်း ပစ္စည်းများ သိမ်းဆည်း

ဥပဒေနှင့် မညီသည့် စိုက်ပျိုးရေး အရောင်း ပစ္စည်းများ သိမ်းဆည်း
-
ကျိုင်းတုံ  ဒီဇင်ဘာ  ၁၉ 
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ရှိ စိုက်ပျိုးရေး လုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များ၌ ယမန်နေ့က ကျိုင်းတုံခရိုင် စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ဝင်ရောက် စစ်ဆေးပြီး စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံ ချက်မရှိဘဲ ရောင်းချ နေသည့် ဓာတ်မြေသြဇာ၊  ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် ခရုသတ် ဆေးများကိုသိမ်းဆည်းခဲ့ကြောင်း သိရသည်။ 
-
အဆိုပါ  ခရိုင်စားသုံးသူ အငြင်းပွားမှု  ဖြေရှင်းရေးအဖွဲ့သည် မြို့ပေါ်ရပ်ကွက်နှစ် ရပ်ကွက်နှင့် ကတ်တောင်ကျေးရွာ အုပ်စုရှိ  စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်းဆိုင် ၁ဝ ဆိုင်သို့ကွင်းဆင်းစစ်ဆေးရာ ငွေကျပ် လေးသိန်းကျော်တန်ဖိုးရှိ ထောက်ခံချက် မရှိသည့်ဓာတ် မြေသြဇာများနှင့် ငွေကျပ်သိန်း ၄ဝ ကျော် တန်ဖိုးရှိသောပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး နှင့် ခရုသတ်ဆေးများကို  စစ်ဆေးတွေ့ရှိခဲ့ သည့်အတွက် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၁၉(င)အရ သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။ 
-
အဆိုပါစိုက်ပျိုးရေးပစ္စည်းများကိုစစ်ဆေး ရာတွင်ပစ္စည်းများတွင် လော့နံပါတ်ပါဝင်မှုရှိ၊ မရှိ၊ သက်တမ်းကုန်ဆုံးရက်များ ပါဝင်မှု ရှိ၊ မရှိနှင့်ထောက်ခံချက်ရှိ၊ မရှိတို့ကိုစစ်ဆေး ကာ သိမ်းဆည်းရမိသည့်ဓာတ်မြေသြဇာများ နှင့်ပတ်သက်၍ ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့အစည်းအဝေးတွင် တင်ပြကာ ဆုံးဖြတ်ချက်များအတိုင်းဆောင်ရွက် သွားမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် ရက်ပေါင်း ၆ဝအတွင်း သိမ်းဆည်းထားသည့် ပစ္စည်းများကို လုပ်ထုံး လုပ်နည်း များအတိုင်း ထောက်ခံချက်ရယူကာ အယူခံဝင်နိုင်ကြောင်း သိရသည်။ 
-
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင် စားသုံးသူအငြင်းပွားမှု  ဖြေရှင်းရေးအဖွဲ့၊ ခရိုင်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်တိရစ္ဆာန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ရဲ တပ်ဖွဲ့၊  စည်ပင်သာယာရေး ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် အဖွဲ့များဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...