
-
နေပြည်တော် ဒီဇင်ဘာ ၁၉
-
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ တပ်မတော်သား မိသားစုဝင်များအတွက် ဖွင့်လှစ်သည့် အခြေခံအိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁/၂ဝ၁၈)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သင်တန်းသူများ၏ စာတွေ့လက်တွေ့ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါအခြေခံအိမ်တွင်းမှု စက်ချုပ်သင်တန်းကို သင်တန်းသူ ၄၅ ဦးဖြင့် ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:
Post a Comment