Social Icons

Pages

Friday, December 14, 2018

အိန္ဒိယသမ္မတ နိုင်ငံ သမ္မတနှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိဝိပဿနာအဖွဲ့ ဓမ္မဇောတိ တရားရိပ်သာသို့ သွားရောက် လေ့လာ

အိန္ဒိယသမ္မတ နိုင်ငံ သမ္မတနှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိဝိပဿနာအဖွဲ့ ဓမ္မဇောတိ တရားရိပ်သာသို့ သွားရောက် လေ့လာ
-
ရန်ကုန်  ဒီဇင်ဘာ  ၁၃ 
-
မြန်မာနိုင်ငံ၌ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်နှင့်ဇနီး ရှရီမတီဆာ ဗီးတာ ကိုဗင့်ဒ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက် ၉ နာရီ မိနစ် ၄ဝ တွင် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်ရှိ    ကာလီဘာရီဘုရားကျောင်းသို့ သွားရောက်သည်။ ထို့နောက်  အိန္ဒိယသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် ဘုရားကျောင်းတွင် ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူ ပူဇော်ဆုတောင်း ကြကာ ဘုရားကျောင်းဝင်း အတွင်း လှည့်လည်ကြည့်ရှုကြသည်။ 
-
ထို့နောက် အိန္ဒိယသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဇဖာရ်ရှားဂူဗိမာန်သို့ သွားရောက် ဂါရဝပြုကြသည်။ ယင်းနောက် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ သည် ပြည်လမ်းမပေါ်ရှိ Lotte ဟိုတယ်၌ ကျင်းပသည့် (၅)ကြိမ်မြောက် အိန္ဒိယ ကုန်စည်ပြပွဲသို့ တက်ရောက်သည်။ ညနေ ၄ နာရီတွင် အိန္ဒိယသမ္မတ နိုင်ငံသမ္မတနှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် သိမ်ဖြူလမ်းရှိ အတွင်းဝန်များရုံး သို့ သွားရောက် လေ့လာကြသည်။ ဆက်လက်၍ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ နှင့် ဇနီးတို့သည် ဗဟန်းမြို့နယ်ရှိ အပြည်ပြည် ဆိုင်ရာဓမ္မဂီရိ ဝိပဿနာအဖွဲ့  ဓမ္မဇောတိ တရားရိပ်သာသို့ သွားရောက်ကြသည်။ အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်သည် အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိ ဝိပဿနာအဖွဲ့  ဓမ္မဇောတိ တရားရိပ်သာရှိဓမ္မရိပ်သာ(၂) အဆောက်အအုံသစ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဝိပဿနာ တရားရှုမှတ်ပွားများ အားထုတ်သည်။ 
-
ထို့နောက် အိန္ဒိယသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့အား  အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိ ဝိပဿနာအဖွဲ့ ဓမ္မဇောတိ တရားရိပ်သာမှ တာဝန်ရှိသူများက ပုံတူပန်းချီကားကို အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်သည်။ -
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...