Social Icons

Pages

Friday, December 14, 2018

(၁ဝ)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေး စင်္ကြံများ ဖိုရမ် အစည်းအဝေး ကျင်းပ

(၁ဝ)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေး စင်္ကြံများ ဖိုရမ် အစည်းအဝေး ကျင်းပ
-
နေပြည်တော်  ဒီဇင်ဘာ   ၁၃
-
(၁ဝ)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေး စင်္ကြံများဖိုရမ်ကို   ယနေ့တွင်   နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပသည်။ ဖိုရမ်ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကစီးပွားရေးစင်္ကြံ များ၏ အရေးပါမှုနှင့် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း(MSDP)နှင့် ဆက်စပ်မှုတို့နှင့် ပတ်သက် ၍ အမှာစကား ပြောကြားသည်။
-
ဖိုရမ်၌ မဟာမဲခေါင်ဒေသခွဲ စီးပွားရေး စင်္ကြံများ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေအပေါ် အကဲဖြတ် သုံးသပ်မှု၊ တောင်-မြောက် စီးပွားရေး စင်္ကြံအတွက် ကဏ္ဍအလိုက် ကနဦး လေ့လာသုံးသပ်မှု၊မဟာမဲခေါင်ဒေသခွဲ E-commerce လမ်းစဉ်၊ ကျန်းမာရေးပူးပေါင်း ဆောင်ရွက်မှုနှင့် လုံခြုံစိတ်ချရသည့် လုပ်သား ရွှေ့ပြောင်းမှုတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ကြသည်။ အခမ်းအနားသို့  ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဦးဟန်ဇော်၊ မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင် နိုင်ငံများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်း၊  ဗီယက်နမ်နိုင်ငံနှင့် အာရှ ဖွံ့ဖြိုးရေး ဘဏ်မှကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၅ဝ ကျော် ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
-
(သတင်းစဉ်)
-


#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...