Social Icons

Pages

Tuesday, December 18, 2018

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ ပါဝင်သော တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) ပြန်လည်ရောက်ရှိ ၊ ရခိုင်ကမ်းရိုးတန်း ဒေသများမှ ဒေသခံပြည်သူ ၁ဝ၇၆၄ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ ပါဝင်သော တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) ပြန်လည်ရောက်ရှိ ၊ ရခိုင်ကမ်းရိုးတန်း ဒေသများမှ ဒေသခံပြည်သူ ၁ဝ၇၆၄ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်
-
နေပြည်တော်  ဒီဇင်ဘာ  ၁၇
-
တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)ဖြင့် ရခိုင်ကမ်းရိုးတန်း ဒေသများသို့ သွားရောက်ခဲ့သည့် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များသည် အဆိုပါ ဒေသျားရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန် မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံ တံတားသို့ ပြန်လည်ရောက်ရှိလာရာ သန်လျင်တပ်နယ် တပ်နယ်မှူး ဗိုလ်ချုပ်ဌေးနိုင်၊ တပ်မတော်(ရေ) မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
-
တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)မှ အထူးကုဆေး အဖွဲ့များသည် ရခိုင်ကမ်းရိုးတန်း ဒေသများရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးမှုအနေဖြင့် ဆေးကုသမှု ဆိုင်ရာရောဂါ ၂၉၁၁ ဦး၊ ခွဲစိတ်ရောဂါ ၈၈၈ ဦး၊ ကလေးရောဂါ ၁ဝဝ၆ ဦး၊ သားဖွား/မီးယပ်ရောဂါ ၈၅၂ ဦး၊ အရိုးရောဂါ ၉၃၈ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၁ဝ၆ဝ ဦး၊ မျက်စိရောဂါ ၁၇၇၁ ဦးနှင့် သွားရောဂါ ၁၃၃၈ ဦး၊ စုစုပေါင်း ဒေသခံပြည်သူ ၁ဝ၇၆၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် မျက်စိ ခွဲစိတ်လူနာ ၂ဝ၈ ဦးနှင့် အထွေထွေခွဲစိတ် လူနာ ၈၂ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
-
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၉၈၁ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၁၁၄၈ ဦးနှင့် နဃွ နှလုံးစမ်းသပ်လူနာ ၁ဝ၇ဝ ဦးနှင့် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၇၂၂ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံသင်္ဘောပေါ်ရှိ သားဖွားခန်း၌  ကိုယ်ဝန်ဆောင်မိခင် တစ်ဦးအား အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့သည့်အပြင် ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော ဒေသခံ ပြည်သူ ၂၃၃ ဦးကိုလည်း ဆေးရုံသင်္ဘော (သံလွင်)ပေါ်၌ပင် ဆေးရုံတင် ကုသပေးနိုင်ခဲ့သည်။
-
တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ များပါဝင်သော တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော(သံလွင်)ဖြင့် ၂ဝ၁၆ ခုနှစ်မှ စ၍ မြန်မာ့ပင်လယ် ကမ်းရိုးတန်း ဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယခုသွားရောက်သော ကျန်းမာရေး စောင့်ရှောက်မှု ခရီးစဉ်သည် (၉)ကြိမ်မြောက် ဖြစ်ပြီး ဒေသခံပြည်သူစုစုပေါင်း ၈၁ဝ၅၃ ဦး တို့ကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဆေးရုံ သင်္ဘောပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင် မိခင် ၁၁ ဦးအား အောင်မြင်စွာ မွေးဖွားပေး နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။   
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...