
-
နေပြည်တော် ဒီဇင်ဘာ ၁၇
-
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ကျီးကုန်းကျေးရွာအနီး၌ လုံခြုံရေး ဆောင်ရွက်နေစဉ် ယနေ့ နံနက် ၆ နာရီ ၁ဝ မိနစ်ခန့်တွင် ကလေးဝမြို့ဘက်မှ ကလေးမြို့ဘက်သို့ မိုးကာများအုပ်၍ မောင်းနှင်လာသော မ/------ တီအီး အမျိုးအစား ခြောက်ဘီးယာဉ်နှင့် ဈ/----- တီအီး အမျိုးအစား ခြောက်ဘီးယာဉ်တို့အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်း နှစ်ဦးမှာ ထွက်ပြေး သွားခဲ့ပြီး ယာဉ်ပေါ်တွင် တင်ဆောင်ထားသော တရားမဝင် အင်သစ်ခွဲသားဆိုဒ်စုံ ၁၂ တန်ခန့်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါ မော်တော်ယာဉ်များနှင့် တရားမဝင် သစ်များအား ကလေးမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment