Social Icons

Pages

Tuesday, December 11, 2018

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ တပ်မတော် အထူးကုဆေးအဖွဲ့ ကျောက်ဖြူမြို့ရှိ ဒေသခံပြည် သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် -

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ တပ်မတော် အထူးကုဆေးအဖွဲ့ ကျောက်ဖြူမြို့ရှိ ဒေသခံပြည် သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဒီဇင်ဘာ  ၁၀
-
ရခိုင်ပြည်နယ် အတွင်းသို့ တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော် နယ် လှည့် အထူးကု ဆေးအဖွဲ့သည် ဒီဇင်ဘာ ၉ ရက်နှင့် ယနေ့တို့တွင် ကျောက်ဖြူမြို့ရှိ ဒေသခံပြည်သူ ၂၂၅၅ ဦးတို့ကို ကျောက်ဖြူမြို့၊ အမှတ်(၁)ဆိပ်ကမ်းဝင်းအတွင်း၌   ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
-
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ မှုဆိုင်ရာရောဂါ ၅၇၅ ဦး၊ ခွဲစိတ်ရောဂါ၁၅၁ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၆၃ ဦး၊ ကလေးရောဂါ ၂၄၉ ဦး၊ အရိုးရောဂါ ၁၉၈ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၃၀၇ ဦး၊ မျက်စိရောဂါ ၃၁၄ ဦးနှင့် သွားရောဂါ ၂၉၈ ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
-
ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၂၁၃ဦး၊  ဓာတ်ခွဲ စမ်းသပ်လူနာ ၁၇၂ ဦး၊ ECG  နှလုံး စမ်းသပ်လူနာ ၁၄၄ ဦးနှင့် တယ်လီ ဗေးရှင်း ဓာတ်မှန်ရိုက် လူနာ ၁၆၂ဦး တို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သူ ၃၁ ဦးတို့ကို  ဆေးရုံရေယာဉ်ပေါ်၌   ဆေးရုံတင် ကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...