-
နေပြည်တော် ဒီဇင်ဘာ ၎
-
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာ ၃ ရက် ညနေ ၄ နာရီခန့် တွင် မဂျန်းယန်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့် အကွာ၌ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် အင်ဂျင်စက်မျိုးစုံ ၁၂ လုံးနှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
-
-
အဆိုပါသိမ်းဆည်းရမိသည့် တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအား ဝိုင်းမော်နယ်မြေရဲစခန်း သို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ် ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment