Social Icons

Pages

Tuesday, December 18, 2018

(၇၂) နှစ်မြောက် မွန်အမျိုးသားနေ့(ဗဟို) ကျင်းပရေး ကော်မတီဖွဲ့စည်းနိုင်ရန် အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ

(၇၂) နှစ်မြောက် မွန်အမျိုးသားနေ့(ဗဟို) ကျင်းပရေး ကော်မတီဖွဲ့စည်းနိုင်ရန် အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ
-
မော်လမြိုင် ဒီဇင်ဘာ ၁၇ 
-
မွန်ပြည်နယ် မော်လမြိုင်မြို့ ဖက်တန်း ရပ်ကွက်ရှိ မွန်ဓမ္မာရုံ၌ ယမန်နေ့နံနက် ၁ဝ နာရီခွဲက (၇၂)နှစ်မြောက် မွန်အမျိုးသားနေ့ (ဗဟို)ကျင်းပရေး ကော်မတီဖွဲ့စည်းနိုင်ရန် အတွက် ကြိုတင် ညှိနှိုင်းအစည်းအဝေး ကျင်းပသည်။ အခမ်းအနားတွင် ဆရာတော် ဘဒ္ဒန္တတိက္ခပါလက သြဝါဒစကား မြွက်ကြားပြီး ဒေါက်တာ မင်းကြည်ဝင်းက အဖွင့်နှုတ်ခွန်း ဆက်စကား ပြောကြားသည်။ 
-
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ မြို့နယ် ၁၈ မြို့နယ်မှ ကိုယ်စားလှယ် ငါးဦး၏ အမည်စာရင်းအား ပေးသွင်းခဲ့ကြကာ တက်ရောက်လာသူများက ပွဲတော်ကျင်းပနိုင်ရေး အတွက် ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြသည်။ ယင်းနောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ အလံသယ်ဆောင်ရေး ဆပ်ကော်မတီ၊ ပြခန်း ဆပ်ကော်မတီ၊ မွန်အလှမယ် ပြင်ဆင်ရေး ဆပ်ကော်မတီ၊ မိန့်ခွန်းရေးဆွဲရေး ဆပ်ကော်မတီ၊ မှတ်တမ်းတင်ရေး ဆပ်ကော်မတီ စသည့် ဆပ်ကော်မတီ အသီးသီးအား ဖွဲ့စည်းအတည်ပြု ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။ 
-
(၄ဝ၆)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...