Social Icons

Pages

Friday, December 21, 2018

အရှေ့တောင်အာရှ အပျော်တမ်း အသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ စတင်ကျင်းပ

အရှေ့တောင်အာရှ အပျော်တမ်း အသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ စတင်ကျင်းပ
-
နေပြည်တော်  ဒီဇင်ဘာ ၂ဝ 
-
မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ဝ၁၈ ခုနှစ် အရှေ့တောင်အာရှ အပျော်တမ်း အသင်းလိုက်  တံခွန်စိုက် ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ မြို့တော်ဂေါက်ကွင်း၌ကျင်းပ သည်။ ပထမနေ့ အမျိုးသားပွဲစဉ်များ အဖြစ် 12th Lion  City  Cup တစ်ဦးချင်းပြိုင်ပွဲ၌  ပြည့်ဖြိုးသူ(မြန်မာ)က သတ်မှတ် ရိုက်ချက်ထက် နှစ်ချက်လျှော့ရိုက်၍ ရိုက်ချက် ၇ဝဖြင့် ပထမနေရာတွင် ဦးဆောင်နေသည်။ 
-
Gabriel Hansel Han (အင်ဒိုနီးရှား) က သတ်မှတ်ရိုက်ချက်ထက် တစ်ချက် လျှော့ရိုက်၍ ရိုက်ချက် ၇၁ ချက်ဖြင့်  ဒုတိယ နေရာတွင် ရပ်တည် နေသည်။ 12th Lion  City  Cup အသင်းလိုက်ပြိုင်ပွဲ ပထမနေ့တွင် အင်ဒိုနီးရှား အသင်းက ရိုက်ချက်ပေါင်း ၁၄၅ ချက်ဖြင့် ပထမနေရာတွင် ဦးဆောင်နေသည်။ မြန်မာအသင်းက ရိုက်ချက်ပေါင်း ၁၄၉ ချက်ဖြင့် ဒုတိယ နေရာတွင်ရပ်တည်နေပြီး  ထိုင်းအသင်းက ရိုက်ချက်ပေါင်း ၁၅၁  ချက်ဖြင့်  တတိယနေရာတွင် ရပ်တည်နေသည်။ 58th  Putra   Cup တစ်ဦးချင်းပြိုင်ပွဲ (ပထမနေ့)တွင် eon  Philip  DSOUZA (ဟောင်ကောင်)က  သတ်မှတ် ရိုက်ချက် ထက်  ၃ ချက်လျော့၍ ရိုက်ချက် ၆၉ ချက်ဖြင့် ပထမနေရာတွင် ဦးဆောင်နေပြီး Tanapat  Pichaikool (ထိုင်း) က သတ်မှတ် ရိုက်ချက် ထက် ၁ ချက်လျော့၍ ရိုက်ချက် ၇၁ ချက်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ 
-
58th  Putra   Cup အသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းက ရိုက်ချက် ၂၁၅ ချက်ဖြင့် ပထမ နေရာတွင် ရပ်တည် နေပြီး စင်ကာပူ အသင်းက  ရိုက်ချက် ၂၁၉ ချက်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ ပထမနေ့ အမျိုးသမီးပွဲစဉ်အဖြစ်  10th Santi  Cup တစ်ဦးချင်းပြိုင်ပွဲတွင်  Bianca  Isabel  Pagdanganan  (ဖိလစ် ပိုင်) က သတ်မှတ်ရိုက်ချက်ထက် ၂ ချက်လျော့၍ ရိုက်ချက် ၇ဝ ဖြင့် ပထမနေရာတွင်ဦးဆောင် နေပြီး  Lois  Kaye  Go (ဖိလစ်ပိုင်)က သတ် မှတ်ရိုက်ချက်ထက် ၁ ချက်လျော့၍ ရိုက်ချက် ၇၁ ချက်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေ သည်။ 
-
10th Santi  Cup အသင်းလိုက်ပြိုင်ပွဲတွင်  ဖိလစ်ပိုင်အသင်းက ရိုက်ချက်ပေါင်း ၁၄၁ ချက်ဖြင့် ပထမနေရာတွင် ဦး ဆောင်နေပြီး ထိုင်း အသင်းက ရိုက်ချက်ပေါင်း ၁၄၇ ချက်ဖြင့် ဒုတိယနေရာတွင်ရပ်တည်နေသည်။ 5th  Kartini Cup  တစ်ဦးချင်းပြိုင်ပွဲတွင် သင်းဝေခိုင်(မြန်မာ)က သတ်မှတ်ရိုက်ချက်ဖြင့်  ပထမနေရာမှ ဦး ဆောင် နေပြီး Jumpita Chul-AK-Som (ထိုင်း)က သတ်မှတ်ရိုက်ချက်ထက် ၁ ချက်ပို၍ ရိုက်ချက် ၇၃ ချက်ဖြင့် ဒုတိယ နေရာတွင် ရပ်တည်နေသည်။ 
-
5th  Kartini Cup အသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းက ရိုက်ချက်ပေါင်း ၁၄၈ ချက်ဖြင့် ပထမနေရာတွင် ဦးဆောင်နေပြီး ဖိလစ်ပိုင်အသင်းက ရိုက်ချက်ပေါင်း ၁၄၉ချက်ဖြင့် ဒုတိယနေရာတွင် ရပ်တည် နေသည်။ ဆက်လက်၍  အရှေ့တောင်အာရှ အပျော်တမ်း အသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို အိမ်ရှင်မြန်မာ အပါ အဝင် အင်ဒိုနီးရှား၊ မလေးရှား၊ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်းနှင့်ဖိလစ်ပိုင်နိုင်ငံ တို့မှ အားကစား သမားများက ဒီဇင်ဘာ ၂ဝရက်မှ ၂၃ရက်အထိ နေ့စဉ် နံနက် ၇ နာရီခွဲ မှစ၍ နေပြည်တော်ရှိ မြို့တော် ဂေါက်ကွင်း၌ ပြိုင်ပွဲ အမျိုး အစား အလိုက် အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။ 
-
ဇော်မျိုး(နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...