
-
ချောင်းဦး ဒီဇင်ဘာ ၉
-
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနက ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝ အဆင့်မြှင့်တင် နိုင်ရေးအတွက် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အလှပြင် သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပ သည်။
-
ရှေးဦးစွာ ချောင်းဦးမြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးတို့က အမှာစကား ပြောကြားသည်။ ထို့နောက် ချောင်းဦးမြို့ နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ရာ သင်တန်းသူ များကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူပြီး သင်တန်းနည်းပြ ဆရာမအား မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးက အမှတ်တရ လက်ဆောင် ပေးအပ်သည်။
-
ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းသူ ၁၅ ဦးအား သင်ထောက်ကူ ပစ္စည်းများ အသီးသီး ပေးအပ်ကြသည်။ အဆိုပါ သင်တန်းဆင်းပွဲသို့ ချောင်းဦးမြို့ နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
-
အိအိစိုး(ချောင်းဦး)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment