
-
နေပြည်တော် ဒီဇင်ဘာ ၂ဝ
-
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဗဟိုစစ်ကော်မရှင်၊ ပူးတွဲစစ်ဦးစီးဌာန အောက်ရှိ စစ်မြေပြင် ပတ်ဝန်းကျင် ထောက်ပံ့ရေးဌာန (Battle Space Environment Support Agency) ညွှန်ကြားရေးမှူးချုပ် Senior Colonel Zhai Yuehuan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်(ရေ)မှ စစ်ဦးစီး အရာရှိချုပ်(ရေ) ဗိုလ်ချုပ်မိုးအောင်နှင့် အဖွဲ့ဝင်များအား ဧရာဝတီရေတပ်စခန်း ဌာနချုပ် အရာရှိရိပ်သာ၌ လာရောက်တွေ့ဆုံသည်။
-
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ရေတပ်များ၏ ရေကြောင်းလုံခြုံမှုအပေါ် အတွေးအမြင်များနှင့် တိုင်းတာရေးဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် မိုးလေဝသဆိုင်ရာ ခန့်မှန်းတိုင်းတာရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ ရေတပ်များအကြား လေ့ကျင့်ရေးနှင့် အပြန်အလှန် ဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
-
ဆွေးနွေးပွဲအပြီးတွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ်မိုးအောင်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဗဟိုစစ်ကော်မရှင်၊ ပူးတွဲစစ်ဦးစီးဌာန အောက်ရှိ စစ်မြေပြင်ပတ်ဝန်းကျင် ထောက်ပံ့ရေးဌာန ညွှန်ကြားရေးမှူးချုပ် Senior Colonel Zhai Yuehuan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ကြပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:
Post a Comment