-
ပုသိမ် ဒီဇင်ဘာ ၁၉
-
ဧရာဝတီတိုင်း ဒေသကြီးအတွင်း၌ ၂ဝ၁၈-၂ဝ၁၉ နွေစပါး စိုက်ရာသီတွင် ၁၃၄၁၈၇၅ဧကစိုက်ပျိုးရန် လျာထားပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနများက ကြပ်မတ်၍ သတ်မှတ် ကာလအတွင်း လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ရုံးမှ သိရသည်။
-
နွေစပါး စိုက်ပျိုးရာတွင် ပုသိမ်ခရိုင်၌ ၂၆၈၁၆၂ ဧက၊ ဟင်္သာတခရိုင်၌ ၃၅၈ဝ၈ ဧက၊ မြောင်းမြခရိုင်၌ ၂၉၅ဝ၇၃ ဧက၊ လပွတ္တာ ခရိုင်၌ ၁၅၆၂ဝ၁ ဧက၊ မအူပင်ခရိုင်၌ ၁၉၉၁၆၂ ဧက၊ ဖျာပုံခရိုင်၌ ၃၈၇၄၆၉ ဧကစိုက်ပျိုးရန် လျာထား သတ်မှတ်ထားသည်။
-
နွေစပါးစိုက်ဧကများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် အထွက်တိုးရေးအတွက် ဒေသခံတောင်သူများအား စိုက်ပျိုးရေး နည်းစနစ်မှန်ကန်စေရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်အသုံးပြုရေး၊ တောင်သူများပိုင်ဆိုင်သော လယ်မြေများနှင့် သင့်လျော်သော စပါးမျိုးများကိုရွေးချယ်အသုံးပြုရေး၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးအသုံးပြုပုံများနှင့် ရေသွင်း ရေထုတ် ပြုလုပ်ပုံများကို ကွင်းဆင်းပြီး တောင်သူအသိပညာပေးဟောပြောပွဲများ၊ လက်တွေ့သရုပ်ပြသခြင်း များကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:
Post a Comment