
-
နေပြည်တော် ဒီဇင်ဘာ ၂ဝ
-
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-

-
ဦးစွာ ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ စုစုပေါင်း ၃၆၂ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၃၂ ဦးအား သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့နောက် ဆေးကုသရေးအဖွဲ့က မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:
Post a Comment