Social Icons

Pages

Tuesday, November 27, 2018

အကောက်ခွန်သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များကို ဒီဇင်ဘာ ၁၂ ရက်မှစ၍ ONLINE မှ လျှောက်ထားနိုင်

အကောက်ခွန်သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များကို ဒီဇင်ဘာ ၁၂ ရက်မှစ၍ Online မှ လျှောက်ထားနိုင်
-
ရန်ကုန် နိုဝင်ဘာ ၂၆ 
-
ပို့ကုန်တင်ပို့သူများသည် အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံ လက် မှတ်များအား Online မှ လျှောက်ထားသည့် စနစ်ကို ဒီဇင်ဘာ ၁၂ ရက်တွင် ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း ယနေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှပြုလုပ်သည့် Online Preferential CO Application System ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲနှင့် မိတ်ဆက်ပွဲ အခမ်းအနားမှ သိရ သည်။
-
လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သာမန်စာရွက်စာတမ်း (Manual) စနစ်ဖြင့်သာ လျှောက်ထားခြင်းကို လက်ခံဆောင်ရွက်ပေးပြီး ဒီဇင်ဘာ ၁၂ ရက်မှ စ၍ Manual စနစ်အပြင် Online မှ တစ်ဆင့်ပါ လျှောက်ထားနိုင်မည်ဖြစ်သည်။
-
Online Preferential CO Application System  သည်  Trade Net Member ID ဖြင့် လွယ်ကူစွာ ဝင်ရောက်နိုင်ခြင်းနှင့် တံဆိပ်တုံးနှင့် လက်မှတ်အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တစ်ကြိမ်သာလာရောက်ရန် လိုအပ်ခြင်းကြောင့် အချိန်ကုန်၊ ငွေ ကုန်သက်သာစေမည် ဖြစ်သည်။
-
အဆိုပါ စနစ်တွင် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်၊ ထုတ်ကုန်ပစ္စည်း မှတ်ပုံတင်ခြင်းနှင့် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ်အရ အတည်ပြုပို့ကုန် တင်ပို့သူအဖြစ် မှတ်ပုံတင်ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
-
Online မှလျှောက်ထားခွင့်ပြုမည့်စနစ်ကို ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (GIZ) က ကုန်သွယ်မှု အထောက်အပံ့ အစီအစဉ်အဖြစ် ၂ဝ၁၇ ခုနှစ် ဇူလိုင်လမှ စတင် ဆောင်ရွက်ခဲ့သည်။
-
“Online စနစ်နဲ့ လျှောက်ထားနိုင်ပေမယ့် အရင်စနစ်ကို ပယ်ဖျက်မှာ မဟုတ်ပါဘူး။ ကိုယ် နှစ်သက်ရာစနစ်ကိုရွေးပြီး လျှောက်ထားနိုင်မှာပါ။ လျှောက်ထားမှုတွေ လျင်မြန်ချောမွေ့စေဖို့ အွန်လိုင်းကနေ တစ်ဆင့်လျှောက်ထားနိုင်အောင် ဆောင်ရွက်မှာပါ။ အချိန်ကုန်၊ ငွေကုန် သက်သာစေမယ်'' ဟု ကုန်သွယ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောသည်။
-
အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိပြီး အခွန်သက်သာခွင့် CO Form ဖြစ်သည့် GSP Form A ကို ၁၉၉ဝ ပြည့်နှစ်မှစ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ် ထုတ်ပေးခဲ့ကြောင်း သိရသည်။
-
ကျော်ကို
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...