Social Icons

Pages

Friday, November 2, 2018

INTERNATIONAL MARATHON 2018 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ့တပ်မတော် ပြေးခုန်ပစ် အားကစား သမားများ အင်ဒိုနီးရှား နိုင်ငံသို့ ထွက်ခွာ

International Marathon 2018 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့်  မြန်မာ့တပ်မတော် ပြေးခုန်ပစ် အားကစား သမားများ အင်ဒိုနီးရှား နိုင်ငံသို့ ထွက်ခွာ
-
နေပြည်တော်  နိုဝင်ဘာ  ၁
-
အင်ဒိုနီးရှားနိုင်ငံ၏ (၇၃)ကြိမ်မြောက် အင်ဒိုနီးရှားအမျိုးသားတပ်မတော်နေ့အခမ်း အနား၌ ထည့်သွင်းကျင်းပ မည့် International Marathon 2018 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ် ပြိုင်ကြမည့်  မြန်မာ့ တပ်မတော် ပြေးခုန်ပစ် အားကစားသမားများသည် အုပ်ချုပ်သူနည်းပြ များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် အင်ဒို နီးရှားနိုင်ငံသို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။ 
-
အဆိုပါအားကစားအဖွဲ့တွင် အုပ်ချုပ်သူ နည်းပြနှစ်ဦးနှင့် အားကစားသမားလေးဦး ပါဝင်ပြီး အင်ဒိုနီးရှား အမျိုးသား တပ်မတော်နေ့ အခမ်းအနားတွင် ထည့်သွင်းကျင်းပမည့် International Marathon 2018 ပြိုင်ပွဲသို့ ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲကို နိုဝင်ဘာ ၄ ရက်တွင် ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...