-
နေပြည်တော် နိုဝင်ဘာ ၂၆
-
မလေးရှားနိုင်ငံ၊ မလက္ကာမြို့၌ ရောက်ရှိနေသည့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် မလက္ကာမြို့ရှိ Casa del Rio Hotel ၊ ဧည့်ခန်းမဆောင်၌ ထိုင်းဘုရင့်တပ်မတော်ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong၊ ဘရူနိုင်း ဘုရင့်တပ်မတော်ကြည်းတပ် Brigadier General Dato Seri Pahlawan Awang Khairul Hamed Bin Awang Haji Lampoh၊ မလေးရှား တပ်မတော်ကြည်းတပ် ဦးစီးချုပ် General Dato' Seri Panglima Hj Ahmad Hasbullah Bin Hj Mohd Nawawi ၊ ဖိလစ်ပိုင်တပ်မတော် ကြည်းတပ် ဦးစီးချုပ် Lieutenant General Macairog S Alberto AFP တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးကြသည်။
-
-
တွေ့ဆုံပွဲများတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က နှစ်နိုင်ငံ တပ်မတော်များအကြား ချစ်ကြည်ရင်းနှီးစွာ တိုးမြှင့်ဆက်ဆံရေး၊ သင်တန်းပိုင်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ကာ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment