Social Icons

Pages

Tuesday, November 6, 2018

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အသိပေး နှိုးဆော်စာ

နေပြည်တော်    နိုဝင်ဘာ    ၅ 
-
၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် လွှတ်တော်အသီးသီးအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ရာ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၇၇ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်၏ အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃ဝ အတွင်း ၎င်းတို့အမည်စာရင်း တင်သွင်းခဲ့ကြသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးသို့ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း ပုံစံ(၂ဝ)ဖြင့် တင်သွင်းကြရမည်ဖြစ်သည်။
-
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ရွေးကောက်ပွဲ ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို မတင်သွင်းပါက သက်ဆိုင်ရာ ရွေးကောက်ပွဲ နည်းဥပဒေ ၈၄ အရ အရည်အချင်း ပျက်ယွင်းသူဟု သတ်မှတ်ကြေညာခြင်း ခံရမည်ဖြစ်ပါသည်။
-
သို့ဖြစ်ပါ၍ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ အနေဖြင့် ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းအား သတ်မှတ်ရက်အတွင်း အမြန်ဆုံး တင်သွင်းကြရန် နှိုးဆော်အပ်ပါသည်။ 
-
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...