Social Icons

Pages

Friday, November 16, 2018

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ပထမညတွင် မီးပုံးပျံ ပျက်ကျ၍ လူနှစ်ဦးဒဏ်ရာရ


-
တောင်ကြီး နိုဝင်ဘာ ၁၅ 
-
 ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး တန်ဆောင်တိုင် ပွဲတော်၌ ယမန်နေ့ ည ၉ နာရီ၄၅ မိနစ်က လွှတ်တင်သော ဓာတ်ခဲ A ညမီးကြီး ပျက်ကျ၍ လူနှစ်ဦး ဒဏ်ရာရရှိ ကြောင်း သိရသည်။
-
ဖြစ်စဉ်မှာ တောင်ကြီးမြို့ မင်္ဂလာဦး ရပ်ကွက်မှ အဖွဲ့ခေါင်းဆောင် မျိုးသန့်(ခ)ဒီလုံး၊ မီးအမည် ဓာတ်ခဲ ဗ ညမီးကြီး တန်ဖိုးငွေကျပ် ၃၈ သိန်းတန်ဖိုးရှိ မီးပုံးပျံသည် အမြင့်ပေ ၁၅ဝ ခန့်အကွာတွင် မီးပုံးပျံနှင့် ယမ်းခွေ ထိန်းထားသောချုပ်ကြိုးမှ ပြတ်ကျခဲ့သဖြင့် ပွဲကြည့်နေသူ တောင်ကြီးမြို့နယ် အေးသာယာ မြို့နေသူ ကိုဆန်းမှာ မျက်နှာ၊ လက်၊ ဝဲ/ယာ ပေါင်တို့တွင် ယမ်းစထိမှန်ဒဏ်ရာများနှင့် လိပ်စာတူ ကျော်မင်းသူမှာ ဘယ်ခြေထောက် ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ရာ တောင်ကြီးစဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိသည်။
-
အဆိုပါ တန်ဆောင်တိုင်ပွဲတော်တွင် မီးပုံးပျံများအားလွှတ်တင်ခဲ့ရာ ညမီးကြီးရှစ်လုံး တန်ဖိုးငွေကျပ် ၂၉၈ သိန်းနှင့် စိန်နားပန် ငါးလုံး တန်ဖိုးငွေကျပ် ၉၆ သိန်းတို့ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး မီးအမည် ဓာတ်ခဲ A ညမီးကြီး တန်ဖိုး ငွေကျပ် ၃၈ သိန်းမှာ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...