Social Icons

Pages

Tuesday, November 13, 2018

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ 3RD CHINA-MYANMAR STRATEGIC SECURITY CONSULTATIONသို့ တက်ရောက်ရန် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ ထွက်ခွာ

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ 3rd China-Myanmar Strategic Security Consultationသို့ တက်ရောက်ရန် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ ထွက်ခွာ
-
ရန်ကုန် နိုဝင်ဘာ ၁၂ 
-
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ကျင်းပမည့် 3rd China-Myanmar Strategic Security Consultation သို့ တက်ရောက်ရန် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူး ကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံသို့ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာ ကြသည်။
-
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း  ဦးဆောင် သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် တင်စန်းနိုင်နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E. Mr. Hong Liang ၊ ဒုတိယစစ်သံမှူး Lt-Colonel SHI QIAO YU နှင့် တာဝန်ရှိသူတို့က လေဆိပ်၌ ပို့ဆောင် နှုတ်ဆက် ကြသည်။
-
အဆိုပါ ခရီးစဉ်သို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူး ကြီး စိုးဝင်းနှင့် အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွား ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...