Wednesday, October 17, 2018
တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
-
နေပြည်တော် အောက်တိုဘာ ၁၆
-
တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၊ နယ်မြေခံ လေ့ကျင့်ရေးကျောင်း၌ ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ပြိုင်ပွဲဝင်အားကစားသမားများ၏ ပစ္စတိုထိလဲ ပစ်ခတ်စဉ် သရုပ်ပြပစ်ခတ်မှုအား ကြည့်ရှု အားပေးကြသည်။
-
အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို အောက်တိုဘာ ၁၆ ရက်မှ ၂ဝ ရက်အထိ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁ဝ သင်းဖြင့် ပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ
Labels:
တပ်မတော်သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment