Social Icons

Pages

Monday, October 29, 2018

သမိုင်းဝင် ဆင်မြတ်ရှင်ဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် မဟာဒုက်ပွဲ ကျင်းပ

သမိုင်းဝင် ဆင်မြတ်ရှင်ဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် မဟာဒုက်ပွဲ ကျင်းပ
-
ပုလဲ အောက်တိုဘာ  ၂၈
-
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့၌ သမိုင်းဝင် ဆင်မြတ်ရှင်ဘုရား၏ (၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မဟာဒုက်ပွဲကို ယနေ့ နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
-
 ရှေးဦးစွာ ပုလဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်း၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၏ ဆွမ်းသပိတ်လုံးများ၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၏ ဆွမ်းသပိတ်လုံးများ၊ပုဂ္ဂလိက ဆွမ်းသပိတ်လုံးများ၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များဖြင့် မြို့အတွင်း၌ စီတန်းလှည့်လည်ကာ ဆင်မြတ်ရှင်ဘုရား ရင်ပြင်တော်တွင် စုစည်းကြပြီး  နံနက် ၁ဝ နာရီတွင်  ပင့်သံဃာအပါး ၅ဝ ကျော်နှင့် ဆင်မြတ်ရှင်ဘုရား၏   မြသပိတ်တော်ကို စာရေးတံမဲဖောက်ရာ ပုလဲမြို့ မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းမိသားစုက  ဆင်မြတ်ရှင် ဘုရား၏ မြသပိတ်တော် မဟာဒုက်မဲပေါက်ခဲ့ကြောင်း သိရသည်။ 
-
ထို့နောက်  မြသပိတ်တော် မဟာဒုက်မဲပေါက်သည့် ပုလဲမြို့ မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းမိသားစုက ဆင်မြတ်ရှင်ဘုရား၏ ရွှေသားဆင်းတုတော်နှင့်  မြသပိတ်တော်ကို မြို့အတွင်းသို့ လှည့်လည်ပင့်ဆောင်၍ အပူဇော်ခံသည်။
-
 ''သမိုင်းဝင် ဆင်မြတ်ရှင်ဘုရားရဲ့ ဗုဒ္ဓပူဇနိယ မဟာဒုက်ပွဲတော်ကို ၁၂၉၁ ခုနှစ် လောက်က စတင်ကျင်းပတာ ယခုနှစ်ဆိုရင် (၈၉) ကြိမ်မြောက် ရောက်ခဲ့ပါပြီ။ အရင်နှစ်က ဌာနဆိုင်ရာများ၊  မြို့ပေါ်ရပ်ကွက်များ၊  ပုဂ္ဂလိကအလှူရှင်များနဲ့ ကျေးရွာများက လှူဒါန်းတဲ့ သပိတ်လုံးပေါင်း အလုံး ၅ဝ နဲ့ အလှူငွေပေါင်း ငွေကျပ်သိန်း ၁၇ဝ ကျော်ရှိ ခဲ့ပါတယ်။   အဲဒီဆွမ်းသပိတ်လုံးများမှ လှူဒါန်းတဲ့ ဗုဒ္ဓပူဇာ အလှူငွေတွေနဲ့ ဘုရားမှာလို အပ်တဲ့   ပြုပြင်မွမ်းမံ ထိန်းသိမ်းရေး    လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါတယ်''ဟု  သမိုင်းဝင်ဆင်မြတ်ရှင်ဘုရား ဂေါပကအဖွဲ့ဝင် ဦးညွန့်ငွေ ကပြောသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...