Social Icons

Pages

Tuesday, September 11, 2018

ရထားစီး ခရီးသည်များအား တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်


နေပြည်တော် ၁၁-၉-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး၊ ဆွာမြို့၊ ဆွာချောင်းရေလှောင်တမံ၊ ရေလွှဲတံခါး ကျိုးပေါက်ပြီး မီးရထားလမ်း ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် ရထားလမ်းများအား ပြုပြင်လျက်ရှိရာ ရထားစီးခရီးသည်များ အဆင်ပြေစွာ သွားလာ နိုင်ရန် ရေတာရှည်နှင့် ဆွာဘူတာ အကြား၌ တပ်မတော်မှ City Bus မော်တော်ယာဉ် ၁၈ စီးဖြင့် ပို့ဆောင်ပေးလျက် ရှိသည်။ 

ထိုသို့ပို့ဆောင် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်-မန္တလေးအဆန်ရထား ခရီးစဉ်အမှတ်(၃)မှ ခရီးသည် ၄၇၅ ဦး၊ ရထားဝန်ထမ်း ၁ဝ ဦး၊ မန္တလေး-ရန်ကုန် အစုန်ရထား ခရီးစဉ်အမှတ်(၄)မှ ခရီးသည် ၄၈ဝ ဦး၊ ရထားဝန်ထမ်း၁၂ ဦးတို့ကိုလည်းကောင်း၊ နေ့လယ်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်-မန္တလေးအဆန်ရထား ခရီးစဉ်အမှတ်(၁၁)မှ ခရီးသည် ၂၈ဝ ဦး၊ ရထားဝန်ထမ်း ၁ဝ ဦး၊ မန္တလေး-ရန်ကုန်အစုန်ရထား ခရီးစဉ် အမှတ်(၁၂)မှ ခရီးသည် ၃၄၈ ဦး၊ ရထားဝန်ထမ်း ၁၂ ဦးတို့ကို လည်းကောင်း တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ဆွာမြို့ဘူတာနှင့် ရေတာရှည်မြို့ ဘူတာတို့အကြား အပြန်အလှန် ပို့ဆောင်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...