Social Icons

Pages

Monday, September 10, 2018

ကလေး-ဖလမ်း-ဟားခါးကားလမ်းကို ကန်ဒေါ်လာ ၆၆ သန်းဖြင့် အဆင့်မြှင့်မည်



ကလေး ၁ဝ-၉-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ချင်းပြည်နယ် ဟားခါးမြို့ထိ ဆက်သွယ် သွားလာရာတွင် အသုံးပြုသည့် ကလေး-ဖလမ်း-ဟားခါးကားလမ်းကို ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ ၆၆ သန်းဖြင့် ၂ဝ၁၉ခုနှစ်ပွင့်လင်း ရာသီ၌ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရသည်။

ကလေးမြို့နှင့် ဟားခါးမြို့ကြား အရှည်၁၂၄ မိုင်၊ အကျယ်၂၄ မိုင်ရှိ လမ်းမကြီးကို လမ်းအဆင့်မြှင့်တင်ရေး လုပ်ငန်းများ လုပ်ကိုင်သွားမည်ဖြစ်ရာ ကလေး-ဟားခါး လမ်းပိုင်း အဆင့်မြှင့်တင်မည့် အမေရိကန်ဒေါ်လာ ၆၆ သန်းမှာ ကမ္ဘာ့ဘဏ်က ပြည်ထောင်စု အစိုးရထံ ဒေါ်လာသန်း ၂ဝဝ ထုတ်ချေးမည့်အနက်မှ လမ်းပိုင်းအဆင့် မြှင့်တင်ရန်အတွက် ယခုနှစ် မတ်၂ဝရက်က သဘောတူညီမှုဖြင့် ချင်းပြည်နယ် အစိုးရအဖွဲ့က ချေးယူခဲ့ခြင်း ဖြစ်ကြောင်း ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

"သူတို့ကတော့ တင်ဒါခေါ်ယူတာကအစ သူတို့ပဲ အစအဆုံး တာဝန်ယူပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပေးသွားမှာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြောရရင် ငွေထုတ်ချေးဖို့ ကွင်းဆင်းလေ့လာမှု တွေပြုလုပ်တဲ့အခါ ကလေး-ဟားခါး လမ်းဘေးဝဲယာ တစ်လျှောက် မြေယာနစ်နာကြေးကိစ္စ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေ ထိခိုက်နစ်နာမှု စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ကမ္ဘာ့ဘဏ်က ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဆီကို ငွေပေးရေးကိစ္စဆွေးနွေးခဲ့တယ်။ နောက်ပိုင်း ချင်းပြည်နယ် အစိုးရနဲ့ ကမ္ဘာ့ဘဏ်အကြား ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ဆောင်ရွက်ပြီးမှ ရရှိခဲ့တဲ့ငွေ ဖြစ်ပါတယ်"ဟု ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးအိုးက ပြောပြ၍ သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...