နေပြည်တော် ၁၃-၉-၂၀၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁) စိုက်ပျိုးမွေးမြူရေး ရပ်ကွက်ရှိ (၁၆)ခု တင်ဆံ့ တိုက်နယ်ဆေးရုံရှိ ခွဲစိတ်ခန်းအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ လှူဒါန်းမှုဖြင့် ဆေးရုံ ခွဲစိတ်ခန်း အဆင့်မြှင့်တင်ပြုပြင် ပြီးစီး၍ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် အဖွဲ့ဝင်များ၊ တိုင်းကျန်းမာရေး ဦးစီးဌာနမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးက ခွဲစိတ်ခန်း အဆင့်မြှင့်တင် ပြုပြင်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် တိုင်းမှူးက ဆေးရုံခွဲစိတ်ခန်း အဆင့်မြှင့် တင်ပြုပြင်ထား ရှိသည့် မှတ်တမ်းဓာတ်ပုံများ ပေးအပ်ရာ တိုင်းကျန်းမာရေးဦးစီးဌာနမှူးက လက်ခံရယူ၍ ဂုဏ်ပြုမှတ် တမ်းလွှာ ပြန်လည်ပေး အပ်ပြီး ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆင့်မြှင့်တင် ပြုပြင်ထားရှိသည့် တိုက်နယ် ဆေးရုံအား ဖဲကြိုး ဖြတ် ဖွင့်လှစ် ပေးပြီး ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု၍ ဆေးရုံဝန်ထမ်းများအတွက် စားသောက် ဖွယ်ရာ များ ပေးအပ်သည်။
အဆိုပါ တိုက်နယ်ဆေးရုံသည် ၁၉၈၉ ခုနှစ်၊ မတ် ၂၆ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ခန်းမှာ ပျက်စီး ယိုယွင်းမှု များရှိနေခြင်းကြောင့် အသုံးမပြုခဲ့သည်မှာ နှစ် ၂ဝခန့်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါ ဆေးရုံခွဲ စိတ်ခန်းအား အဆင့်မြှင့်တင်ရန် အတွက် တိုင်းကျန်းမာရေးဦးစီးဌာနနှင့် ညှိနှိုင်းပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ စုစုပေါင်းလှူဒါန်းငွေကျပ် ၁၆၁သိန်းကျော်ဖြင့် ၂ဝ၁၈ ခုနှစ်၊ မေ ၁၇ရက်မှ စတင်၍ အဆင့်မြှင့် တင်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ရာ သြဂုတ် ၃၁ရက်တွင် ပြီးစီးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခုအဆင့် မြှင့်တင်ပြုပြင် မွမ်းမံပြီးစီးသဖြင့် အဆိုပါ ဆေးရုံကို မှီခိုအားထားနေရသည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မိသားစု ဝင်များနှင့် ပတ်ဝန်းကျင် ရပ်ကွက်ခြောက်ခုမှ ဒေသခံ ပြည်သူ ၃၁ဝဝဝ ဦးခန့်တို့ကို လိုအပ်သည့် ကျန်းမာရေး ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပြီး အဆိုပါဆေးရုံနှင့် နှီးနွှယ် ဆောင်ရွက်နေရသည့် ကျေးလက် ကျန်းမာရေးဌာနခွဲ လေးခုသည်လည်း ဆေးရုံကို အားကိုးအားထားပြု နိုင်တော့မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
# မြ၀တီနေ့စဉ်သတင်းစာ



No comments:
Post a Comment