Social Icons

Pages

Friday, September 7, 2018

ရေလျှံကျနေသည့် ဆည် ၆၁ ခုအောက်ပိုင်းရှိကျေးရွာများ ဂရုစိုက်နေထိုင်ကြရန်လို



နေပြည်တော် ၇-၉-၂ဝ၁၈

မြန်မာတစ်နိုင်ငံ လုံးတွင်ရှိသည့် ဆည်များအနက် ရေပိုလွှဲမှ ရေလျှံကျနေသည့် ဆည်ပေါင်း ၆၁ခုကို ဝန်ကြီးဌာနက အထူးဂရုတစိုက် ထိန်းသိမ်းစောင့်ကြည့် လျက်ရှိပြီး ၎င်းဆည်အောက်ပိုင်းရှိ ကျေးရွာများအနေ ဖြင့်လည်း အထူးဂရုစိုက် သတိထားနေထိုင် ကြရန်လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ မိုးကာလတွင် လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်ခြင်း၊ မုတ်သုံလေ အားကောင်းခြင်းတို့ကြောင့် မိုးရေချိန်လက်မ များပြားစွာရွာသွန်း လျက်ရှိရာ ယခင်နှစ်များထက် မြန်မာနိုင်ငံရှိ ဆည်တာတမံ များအတွင်း ရေဝင်ရောက်မှု ပိုမိုများပြားလျက်ရှိရာ ယနေ့ချိန်ထိ ဆည်ရေပိုလွှဲများမှ ရေလျှံနေသည့် ဆည်ပေါင်း ၆၁ ခုထိရှိနေပြီး အဆိုပါဆည်များ တွင်လည်း အထူးသတိပြု စောင့်ကြည့်မှုများ ပြုလုပ်နေကာ ဆည်အောက်ပိုင်းတွင် နေထိုင်ကြသည့် ကျေးရွာများမှ ပြည်သူများ အနေဖြင့်လည်း အထူးသတိထား နေထိုင်ကြရန် လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

"ရေကျော်တယ်လို့ ကြေညာထားတဲ့ ဆည်တွေ အောက်ဘက်မှာ နေထိုင်သူတွေအနေနဲ့ သတိတစ်ခုတော့ ထားရမှာပါ။ အခုဆို ဆည်တွေပေါ်ကနေ တိုက်ရိုက်စနစ်နဲ့ ရေကျော်တဲ့ အခြေအနေတွေ၊ ဖြစ်နိုင်ခြေတွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးနိုင်အောင်လို့ ဆည်အောက်ဘက် မှာရှိတဲ့ ရွာတိုင်းရဲ့ ဖုန်းနံပါတ်တွေ တောင်းခိုင်းထားပြီး မတော်တဆဖြစ်မယ့် အခြေအနေရှိရင်လဲ အချိန်မီဖုန်းဆက် နိုင်အောင် ကြိုတင်ကာကွယ်တဲ့ သဘောနဲ့ စီစဉ်ထားပါတယ်။ ဆည်တွေက မတော်တဆ မမျှော်လင့်တဲ့ နေရာတွေက ဖြစ်တတ်တော့ သတိထား နေကြရမှာပါ"ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောပြ၍ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...