Social Icons

Pages

Wednesday, September 19, 2018

မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်လာသည့်လှေတစ်စင်း ဖမ်းဆီးရမိ



နေပြည်တော် ၁၉-၉-၂၀၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၃ နာရီခန့်တွင် မောင်တောမြို့၏ အနောက်မြောက်ဘက်ရေမိုင် ၈ မိုင်ခန့်အကွာရှိ ပြင်ဖြူအတွင်း မသင်္ကာဖွယ် လှေတစ်စင်းအား တွေ့ရှိသဖြင့် မီးအချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ တစ်ဖက်နိုင်ငံဘက်ကမ်းသို့ လှော်ခတ်ထွက်ပြေးခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် မင်္ဂလာကြီးချောင်းဝအနီး၌ တရားခံများ ရေထဲခုန်ချ ထွက်ပြေးသွားခဲ့ပြီး အလျား ၁၅ ပေ၊ အနံ ၃ ပေ၊ ရေစူး ဒသမ ၅ ပေခန့်၊ သစ်သားကိုယ်ထည် လက်ခတ်လှေတစ်စင်းနှင့်အတူ လှေပေါ်တွင် ဆာလာအိတ်ဖြင့် ထုပ်ထားသည့် WY/R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅ဝဝ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၅ သိန်းခန့်)အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိလှေနှင့် မူးယစ်ဆေးဝါးများအား မောင်တောမြို့နယ်၊ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်း အပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...