Social Icons

Pages

Tuesday, August 21, 2018

မော်တင်စွန်းကမ်းခြေတွင် သေဆုံးဝေလငါး တစ်ကောင် သောင်တင်



ငပုတော ၂၁-၈-၂ဝ၁၈

ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် မော်တင်စွန်း ကမ်းခြေတွင် ယနေ့နံနက်ပိုင်းက သေဆုံးဝေလငါးတစ်ကောင် သောင်တင်ခဲ့ကြောင်း ဟိုင်းကြီးကျွန်းနယ်မြေ ရဲစခန်းမှ သိရသည်။

သေဆုံးဝေလငါးမှာ မြတ်မော်တင်စွန်း စေတီတော်နှင့် ဟိုတယ်မော်တင်ကြားရှိ ကမ်းခြေတွင် သောင်တင် ခဲ့ခြင်းဖြစ်ပြီး ဒေသခံများတွေ့ရှိပြီး အကြောင်းကြားရာမှ တာဝန်ရှိသူများက တွေ့ရှိသည့်နေရာတွင် မြေမြှုပ်အရိုးချရန်ပြင်ဆင်နေကြောင်း ဟိုင်းကြီးကျွန်း နယ်မြေရဲစခန်းမှ သိရသည်။

"ဝေလငါးက ဒီနားတစ်ဝိုက် ပင်လယ်ပြင်မှာ တွေ့မြင်ရလေ့မရှိတဲ့ ငါးမျိုးစိတ်ဆိုတော့ ဒေသခံတွေ အနေနဲ့ စစချင်း ဘာငါးမှန်း မသိကြဘူး။ ဒါပေမဲ့ ဝေလငါးမျိုးစိတ် တစ်ကောင်လို့ပဲ သိရတယ်။ အခုတွေ့တဲ့နေရာမှာပဲမြှုပ်၊ အရိုးချပြီး နိုင်ငံတော်ကိုပဲ အပ်ရမယ်ထင်တယ်။ ဒေသခံတွေကတော့ ဒီမှာတွေ့တဲ့ငါးကို အရိုးကျရင် ဒီဒေသမှာပဲပြသ ထားချင်နေကြတယ်" ဟု ဟိုင်းကြီးကျွန်း နယ်မြေရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

တွေ့ရှိခဲ့သည့် သေဆုံးဝေလငါးမှာ အလျား ၃၁ပေ၊ လုံးပတ် ပေ၂ဝ၊ ဦးခေါင်းပေ၂ဝဖြစ်ပြီး ထိုငါးကို အရိုးကျရန် ငါးလမှခြောက်လထိ တွင်းတူးကာ မြှုပ်ထားရမည် ဖြစ်ကြောင်း သိရသည်။

"အဝေးကနေသေပြီး လှိုင်းနဲ့ညကတည်းက သောင်လာတင်နေတာ ထင်တယ်။ ဒီနားပတ်ဝန်းကျင် ကျေးရွာတွေလဲ ဒီမနက်စောစောပဲ ကြားလို့သွားကြည့်ကြတာ။ ငါးသေက ပုပ်တော့ မပုပ်သေးဘူး။ လွန်ခဲ့တဲ့ လေးလလောက်ကလဲ ဝေလငါးသေတစ်ကောင် သောင်တင်ဖူးတော့ သူ့ကို အမိုးမိုးပြီး မြှုပ်ထားတယ်"ဟု မော်တင်စွန်း ကမ်းခြေအနီးရှိ ကြွေချိုင်ရွာ နေဦးသန်းဦးက ပြောပြသည်။

ဟိုင်းကြီးကျွန်းအနီးရှိ ကမ်းခြေများတစ်လျှောက် ငွေဆောင်၊ ချောင်းသာကမ်းခြေ များစသည့် နောက်ဘက်ကမ်းခြေ ဒေသများတွင် သေဆုံးဝေလငါးများ မကြာခဏလာရောက် သောင်တင်လေ့ရှိပြီး အဆိုပါငါးများကို မြေမြှုပ်ကာအရိုးကျပါက ငါးလုပ်ငန်းဦးစီးဌာနက ပြသထားရန် သယ်ဆောင် လေ့ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...