Social Icons

Pages

Monday, August 20, 2018

အင်းတော်မြို့နယ်တွင် ၁၂ ဘီးယာဉ်ဖြင့် တင်ဆောင်လာသော တရားမဝင် နွား ၁၈ ကောင် ဖမ်းဆီးရမိ



အင်းတော် ၂ဝ-၈-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မဲဇာတံတားအနီးတွင် ၁၂ဘီးယာဉ်ဖြင့် တင်ဆောင်လာသော တရားမဝင် နွား ၁၈ ကောင်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ် ရဲစခန်းမှ ဒုတိယရဲအုပ်ကျော်မင်းသူ ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် သြဂုတ်၁၈ ရက် မွန်းလွဲ ၁နာရီ မိနစ်၃ဝက သက်သေများနှင့်အတူ တရားမဝင် ကျွဲ၊နွားများ သယ်ဆောင်လာကြောင်း သတင်းပေးအရ ရွှေဘိုမြစ်ကြီးနား ကားလမ်း မိုင်တိုင်အမှတ် (၁၂၂/၆) မဲဇာတံတား အနီးတွင် စောင့်ဆိုင်းနေခဲ့သည်။

ထိုသို့စောင့်ဆိုင်းနေစဉ် ရွှေဘိုဘက်မှ ယာဉ်မောင်း အောင်ကိုဝင်းမောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဝင်းသိန်း၊ ကိုမောင်မောင်၊ ကိုဝင်းသိန်းတို့ လိုက်ပါလာသော ၁၂ဘီးယာဉ်ကို မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာ အဆိုပါယာဉ်ပေါ်မှ တရားမဝင်နွား ၁၈ ကောင် ကာလတန်ဖိုး ငွေကျပ် ၇၉သိန်းဖိုးကို တွေ့ရှိရပြီး အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်နွားများ သယ်ဆောင်လာသော အောင်ကိုဝင်း မန္တလေးမြို့၊ ဝင်းသိန်း ထီးချိုင့်မြို့နယ် ကြက်သွန်ခင်းကျေးရွာ၊ ဝင်းသိန်းမြောင်မြို့နယ် နဘတ်ကျေးရွာနေသူနှင့် ကိုမောင်မောင် ထီးချိုင့်မြို့နယ် ရေဝကျေးရွာနေသူတို့ လေးဦးကို အင်းတော် မြို့မရဲစခန်းက (ပ) ၁၁၇/၂ဝ၁၈၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...