Social Icons

Pages

Wednesday, August 1, 2018

ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ၏ (၁၇) ကြိမ်မြောက် အစည်းအဝေးပြုလုပ်



နေပြည်တော် ၁-၈-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-S) ၏ (၁၇)ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင် ၃ဝရက် နေ့လယ်ပိုင်းတွင် တောင်ငူမြို့ရှိ ကော်မတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း၊ ကော်မတီဒုတိယ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များတက်ရောက် ကြသည်။

ဦးစွာ ကော်မတီဥက္ကဋ္ဌ တိုင်းမှူးနှင့် ဒုတိယဥက္ကဋ္ဌများက အဖွင့်အမှာ စကားများ ပြောကြားကြသည်။ ထို့နောက် ကော်မတီဝင်များက (၁၆) ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ် ခဲ့ကြသည့် ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစသ်များကို အကောင်အထည် ဖော်ဆောင်ရွက်မှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ၏ (၁၇)ကြိမ်မြောက်အစည်းအဝေး ကျင်းပစဉ်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...