Social Icons

Pages

Tuesday, July 10, 2018

မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက တက္ကသိုလ်အနီး မှုခင်းကျဆင်းရေး တောင်းဆိုဆန္ဒထုတ်ဖော်



မန္တလေး ၁ဝ-၇-၂ဝ၁၈

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်အတွင်း မှုခင်းကျဆင်းရေး တောင်းဆို၍ မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကျောင်းသားများသည် ယနေ့တွင် ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့ကြသည့် ကျောင်းသားများမှ သိရသည်။

မန္တလေး တက္ကသိုလ်အတွင်း မကြာသေးမီ ကာလအတွင်းက ဆိုင်ကယ်ခိုးမှု၊ လုယက်မှုများရှိခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများအနေဖြင့် လုံခြုံရေး စိုးရိမ်နေကြရာ အဆိုပါ ဖြစ်စဉ်များတွင် အဓိက တာဝန်ရှိသူများ အနေဖြင့် တာဝန်ယူ၍ အမြန်ဆုံး ဖြေရှင်းပေးရေး တောင်းဆိုကာ ဆန္ဒထုတ်ဖော် ခဲ့ကြခြင်း ဖြစ်ကြောင်း မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုကျော်ဝင်းစိန်က ပြောပြသည်။

"ကျောင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး ကျောင်းကတာဝန် ရှိသူတွေနဲ့ ညှိနှိုင်းတာတွေ လုပ်ခဲ့တယ်။ ဒါပေမဲ့ဘာမှ ဖြေရှင်းမပေးတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ရတာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

မန္တလေး တက္ကသိုလ်အတွင်း လုယက်မှုနှင့် ခိုးမှုများ မကြာခဏ ဖြစ်ပွားနေခြင်းကို ဖြေရှင်းပေးရန် ဆန္ဒထုတ်ဖော်မှုကို ကျောင်းတာဝန်ရှိသူများက လာရောက်ညှိနှိုင်း ခဲ့သော်လည်း ပြေလည်ခြင်း မရှိခဲ့ကြောင်း သိရသည်။

မန္တလေးတက္ကသိုလ် လုံခြုံရေးအတွက် လုံခြုံရေးကုမ္ပဏီတစ်ခုကို ငှားရမ်းထားခဲ့သော်လည်း ဇွန်လပိုင်းမှ စတင်၍ ပစ္စည်းပျောက်ဆုံးမှုများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းနှင့် အဆိုပါမန္တလေး တက္ကသိုလ်အတွင်း ၂ဝ၁၇ခုနှစ် ဇွန်လမှ စက်တင်ဘာလထိ ဆိုင်ကယ် ၂၃စီး ခိုးယူခံခဲ့ရကာ ဖုန်းနှင့် အခြားလုယက် မှုများလည်း ဖြစ်ပွားခဲ့ကြောင်း မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...