Social Icons

Pages

Tuesday, July 17, 2018

သင်္ဘောကျင်းများတွင် ရေယာဉ်များကျင်းတင်ပြင်ဆင်ရာ၌ ကျွမ်းကျင်လုပ်သားရှားပါးလာမှုကြောင့် ပြင်ဆင်ချိန်ကြန့်ကြာမှုများရှိနေ



မန္တလေး ၁၇-၇-၂ဝ၁၈

မြန်မာနိုင်ငံ မြစ်ကြောင်းများအတွင်း ပြေးဆွဲလျက်ရှိသော ရေယာဉ်များ ကျင်းတင်ပြင်ဆင်ရာတွင် ကျွမ်းကျင်လုပ်သားများ ရှားပါးလာမှုကြောင့် ပြင်ဆင်ချိန် ကြန့်ကြာမှုများ ရှိနေသည်ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ဧရာဝတီဌာနခွဲ)မှ သိရသည်။

ရေယာဉ်များ ကျင်းတင်ပြင်ဆင်ရာတွင် အဓိကအကျဆုံးမှာ ကျွမ်းကျင်လုပ်သားများ၏ ကဏ္ဍသည် အရေးပါဆုံးဖြစ်ပြီး ယခုအခါကျွမ်းကျင်လုပ်သား ရှားပါးလာမှုကြောင့် အခက်အခဲ အချို့ဖြစ်ပေါ် နေရကြောင်း၊ ကျွမ်းကျင် လုပ်သားများကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှနှစ်စဉ် မွေးထုတ်ပေးနေသော်လည်း စိတ်ဝင်စားသူများ နည်းပါးလာသဖြင့် ကျွမ်းကျင်လုပ်သား ရှားပါးလာရခြင်း ဖြစ်ကြောင်း သိရသည်။

"ရေယာဉ်တွေ တည်ဆောက်ပြုပြင်ရာမှာ ကျွမ်းကျင်လုပ်သားတွေက အဓိကနေရာမှာ ပါဝင်နေပါတယ်။ လုပ်သား ရှားပါးလာရခြင်းက အခုနောက်ပိုင်း ရေယာဉ်တွေကို သံထည်တွေနဲ့ တည်ဆောက်လာတော့ လုပ်သားတွေက သံပူ၊နေပူမှုစတဲ့ ဒဏ်တွေကို မခံနိုင်ကြတာကြောင့် ပိုပြီးရှားပါးလာတယ်။ နောက်တစ်ခုက လုပ်ခလစာနည်းတာနဲ့ ပုဂ္ဂလိက ရေယာဉ်တွေ၊ ပြင်ပကုမ္ပဏီတွေရဲ့လုပ်ခလစာ မြင့်မားစွာပေးလာမှု တွေကြောင့်လဲ ရှားပါးလာတာ ဖြစ်ပါတယ်"ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး(ဧရာဝတီဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

နိုင်ငံအတွင်းရှိ မြစ်ကြောင်းများအတွင်း ပြေးဆွဲလျက်ရှိသော ရေယာဉ်များကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (သင်္ဘောကျင်း) များတွင် ကျင်းတင် ပြင်ဆင်မှုများကို ပြုလုပ်ပေးနေရကြောင်း၊ ကျင်းတင်ပြင်ဆင်မှု အပိုင်းတွင် နှစ်ပတ်လည် ကျင်းတင်ပြင်ဆင် ပေးရမှုများလည်း ရှိကြောင်း၊ နှစ်ပတ်လည် ကျင်းတင်ပြင်ဆင် ပေးခြင်းတွင် ပြင်ဆင်ချိန်လေးလမှ ခြောက်လထိ ကြာမြင့်တတ်ကြောင်း သိရသည်။

ရေယာဉ်တည်ဆောက် ပြင်ဆင်ခြင်းအတွက် ကျွမ်းကျင်လုပ်သား ရှားပါးလာသကဲ့သို့ ရေယာဉ်ပြေးဆွဲ ပေးခြင်းအတွက်လည်း ကျွမ်းကျင်လုပ်သားများ ရှားပါးလာကြောင်း၊ ရေယာဉ်ပြေးဆွဲ နိုင်ရေးအတွက် အခန်းကဏ္ဍအလိုက် ကျွမ်းကျင်အဆင့် လုပ်သားများရရှိ စေရန်အတွက် သင်တန်းများဖွင့်လှစ်ခြင်း၊ ရေကြောင်းပညာ သင်ကျောင်းများ၊ တက္ကသိုလ်များမှ နှစ်စဉ်မွေးထုတ် ပေးနေသော်လည်း ပြည်တွင်း ရေကြောင်းတွင် ဝန်ထမ်းအဖြစ် ခန့်အပ်နိုင်မှုနည်းပါးခြင်း၊ သင်တန်းဆင်း၊ ကျောင်းဆင်းများကို ဝန်ထမ်းအဖြစ် အားလုံးမခန့် အပ်နိုင်ခြင်း၊ ရှိပြီးဝန်ထမ်း၊ အရာထမ်းများ ဆေးပင်စင်၊ သက်ပြည့်ပင်စင် ယူခြင်းများ နေရာတွင် ပြန်လည်ဖြည့်တင်း နိုင်မှုမရှိခြင်းများသည် လည်း ရေယာဉ်ပြေးဆွဲ ခြင်းများအတွက် လိုအပ်ချက်တစ်ခု ဖြစ်လာကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...