Social Icons

Pages

Monday, July 2, 2018

ပုသိမ်ကြီးမြို့နယ်တွင် လေးကောင်ဂျင် လောင်းကစားဝိုင်း ဖမ်းဆီး



မန္တလေး ၂-၇-၂ဝ၁၈

မန္တလေးခရိုင် နယ်မြေအတွင်း ဒုစရိုက်မှု နှိမ်နင်းရေးအတွက် သိန်းငှက်စစ်ဆင်ရေး စီမံချက် ဆောင်ရွက်လျက်ရှိရာ မန္တလေး ပုသိမ်ကြီးမြို့နယ်အတွင်း အမျိုးသား၊ အမျိုးသမီးများ ဝိုင်းဖွဲ့၍ လောင်းကစား ပြုလုပ်နေသော လေးကောင်ဂျင်ဝိုင်းကို ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး ကျော်ဦးခိုင်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန် ၃ဝရက် ည ၈ နာရီက သက်သေများနှင့် အတူပုသိမ်ကြီးမြို့နယ် ကံကောက်အရှေ့ရပ်ကွက်နေ ဦးဇော်ဦး၏ နေအိမ် ခြံဝင်းအတွင်း ဝင်ရောက်ရှာဖွေ ခဲ့သည်။

ထိုသို့ရှာဖွေရာ မြေစိုက်တဲအတွင်း မြေကြီးပေါ်တွင် မီးစက်ဖြင့် မီးထွန်းကာ မိုးကာများခင်းထားပြီး ၎င်းပေါ်တွင် အမျိုးသား၊ အမျိုးသမီးများ ဝိုင်းဖွဲ့၍ အလှည့်ကျ လေးကောင်ဂျင် ဒိုင်၊ ထိုးသားများအဖြစ် လောင်းကစားပြုလုပ်နေကြစဉ် ဝင်ရောက်ဖမ်းဆီး ခဲ့ရာလောင်းကစား သူများထဲမှ ၁၃ဦးကို ဖမ်းဆီးရမိပြီး လောင်းကစား နေရာမှ ဂျင်သီးနှင့် လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ဆိုင်ကယ်မျိုးစုံ ၃၇ စီး၊ ဖုန်းမျိုးစုံ ခြောက်လုံး၊ လောင်းကြေးငွေကျပ် ၄၉၄၃ဝဝတို့ကို သိမ်းဆည်းရမိ ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဂျင်ဝိုင်းလောင်းကစား ပြုလုပ်နေသူ ဇော်ဇော်အောင်၊ နိုင်နိုင်၊ သိန်းဇော်မြင့်၊ ဌေးဆွေမြင့်၊ ထွန်းနိုင်၊ ဝင်းဇော်၊စိုးလေး၊ ဇော်သီဟထွန်း၊ သိန်းဇော်၊ယဉ်မြင့်၊ မြမြစန်း၊ ကြူကြူဝင်း၊ ဖြူဖြူဝင်းတို့ကို အရေးယူပေးပါရန် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး ကျော်ဦးခိုင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ပုသိမ်ကြီးမြို့မရဲစခန်းက (ပ)၁၅၉/၂ဝ၁၈၊ လောင်းကစား ဥပဒေပုဒ်မ-၁၃(က)/၁၄(က)ဖြင့် အမှုဖွင့်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...