Social Icons

Pages

Wednesday, June 13, 2018

နိုင်ငံတကာမှပုဂ္ဂိုလ်များ ပါဝင်ဖွဲ့စည်းမည့် ရခိုင်ပြည်နယ်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းခြင်းကို ကန့်ကွက်ရှုတ်ချ



ရန်ကုန် ၁၃-၆-၂ဝ၁၈

နိုင်ငံတကာမှ ပုဂ္ဂိုလ်များ ပါဝင်ဖွဲ့စည်းမည့် ရခိုင်ပြည်နယ်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းခြင်းကို ပြည်သူလူထုမှ ကန့်ကွက်ရှုတ်ချပွဲကို ယနေ့နံနက် ၈ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊အမှတ် (၂) ရပ်ကွက်ရှိ နန်းဦးဘောလုံးကွင်းအတွင်း၌ ပြုလုပ်ခဲ့ကြသည်။

"ရခိုင်ပြည်နယ် အရေးဟာစိုးရိမ်ရေ အမှတ်ကိုရောက်ရှိ နေပါပြီ။ ကျွန်မတို့ ပြည်သူတွေ အနေနဲ့ပွဲကြည့် ပရိသတ်လုပ်နေရမယ့် အချိန်မဟုတ် တော့ပါဘူး။ ကျွန်မတို့နိုင်ငံဟာ လွတ်လပ်ရေး ရပြီးကတည်းက လွတ်လပ်ပြီး တရားမျှတ တြဲ့ကားနေဝါဒကို ကျင့်သုံးခဲ့ပါတယ်။၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ လဲဘက်မလိုက်တဲ့ နိုင်ငံခြားဆက်ဆံရေး ဝါဒကို ကျင့်သုံးခဲ့တယ်လို့ ပြဋ္ဌာန်းထားခဲ့တယ်။ အဲဒီလိုပဲ ကျွန်မတို့နိုင်ငံရဲ့ ပြည်တွင်းရေးကို နိုင်ငံခြားသားတွေ အနေနဲ့ ဝင်ရောက်စွက်ဖက် ခွင့်တွေ ဘယ်တုန်းကမှ မပေးထားခဲ့ဘူး။ လက်ရှိမှာတော့ ကျွန်မတို့ရဲ့ပြည်တွင်းရေးကို နိုင်ငံခြားသားတွေကို ဝင်ရောက်စွက်ဖက်ခွင့် တွေပေးနေတာဟာ ခေတ်သစ်နိုင်ငံရေး ဝါဒလားလို့ သမ္မတကြီးကို ဒီနေရာကနေ မေးချင်ပါတယ်။ ရခိုင်ကော်မရှင် ဖွဲ့စည်းမှာနဲ့ ပတ်သက်ပြီး ကော်မရှင်ဖွဲ့စည်းရာမှာ နိုင်ငံခြားသားတွေနဲ့ ပါဝင်ပြီးဖွဲ့စည်းမယ်လို့ နိုင်ငံတော်သမ္မတရုံးက နေမေ ၃၁ ရက်က သတင်းထုတ်ပြန်ခဲ့တယ်။ အခုဖြစ်နေတဲ့ အခြေအနေတွေဟာ နိုင်ငံခြားသားဖြစ်တဲ့ ကိုဖီအာနန်ကြောင့် ပိုပြီး အခြေအနေတွေ ဆိုးလာခဲ့ရတယ်။ ဒါကိုတောင်မှ အခုထပ်ပြီး နိုင်ငံတကာက ပုဂ္ဂိုလ်ကြီးဆိုတာနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ထပ်ဖွဲ့မယ်ဆိုတာကို ကျွန်မတို့ပြည်သူတွေ အနေနဲ့ လုံးဝလက်မခံနိုင် ပါဘူးဆိုတာကို အစိုးရသိအောင် အခုလိုပွဲကိုလုပ်ရခြင်း ဖြစ်ပါတယ်"ဟု အဆိုပါပွဲကို ဦးဆောင်သူမသီရိ နေလင်းကပြော ပြသည်။

အဆိုပါ ကန့်ကွက်ရှုတ်ချပွဲသို့ ပြည်သူဦးရေ ၂၅ဝ ခန့်တက်ရောက် ခဲ့ကြပြီး နိုင်ငံခြားသြဇာခံ အလိုမရှိ၊ ARSA နှင့် ဘင်္ဂါလီအကြမ်းဖက်ဟူသမျှ ဆန့်ကျင်ကြ၊ အစိုးရမှပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြရေး၊ပြည်တွင်း၊ ပြည်ပစွက်ဖက်မှု အလိုမရှိ၊ ပြည်ပသြဇာခံ မဖြစ်ရေးအစရှိသည့် စာသားပါဗီနိုင်းများ ကိုင်ဆောင်၍ ကြွေးကြော် ဟစ်ကြွေးခဲ့ပြီး ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းခြင်းကို ကန့်ကွက်ရခြင်းကိစ္စရပ်များ၊ အစိုးရက ပွင့်လင်းမြင်သာမှု မရှိသည့် ကိစ္စရပ်များကို မမြတ်ဆုမွန်နှင့် မသီရိနေလင်းတို့က ဟောပြောခဲ့ကြပြီး နိုင်ငံတော်သီချင်း သီဆိုဟစ်ကြွေးကာ နံနက် ၁၁ နာရီခန့်တွင် အဆိုပါကန့်ကွက် ရှုတ်ချသည့် အခမ်းအနားပြီးဆုံးခဲ့ကြောင်းသိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...