Social Icons

Pages

Monday, June 18, 2018

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်မှု ပထမအဆင့် အောက်တိုဘာလတွင် စတင်ဆောင်ရွက်မည်



ရန်ကုန် ၁၈-၆-၂ဝ၁၈

ရန်ကုန်-မန္တလေးရထား လမ်းပိုင်း အဆင့်မြှင့်တင်မှု စီမံကိန်းပထမ အဆင့်လုပ်ငန်းများကို လာမည့်အောက်တိုဘာလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ သတင်းများအရ သိရသည်။

မြန်မာ့မီးရထား အဆင့်မြှင့်တင်ရေး ဆောင်ရွက်ရာတွင် ရထားလမ်းပိုင်းများကို အဆင့်မြှင့်တင် ပြင်ဆင်ခြင်း၊ ဘူတာရုံ အဆင့်မြှင့်တင်ခြင်း၊ ရထားအချက်ပြစနစ် အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီရထားတွဲဆိုင်းများ၊ စက်ခေါင်းများ အစားထိုး လဲလှယ်ဆောင်ရွက်ခြင်း လုပ်ငန်းတို့ကို အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးရထား လမ်းပိုင်း အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်ဟူ၍ အပိုင်းသုံးပိုင်းခွဲခြား ဆောင်ရွက်သွားမည် ဖြစ်ပြီးပထမ အဆင့်အနေဖြင့် ရန်ကုန်တောင်ငူရထားလမ်းပိုင်းကို စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပထမအဆင့် စီမံကိန်းလုပ်ငန်းများ ကိုလာမည့် အောက်တိုဘာလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရာတွင် ကြားဘူတာများဖြစ်သည့် ပဲခူး၊ ညောင်လေး ပင်၊ ပဲနွယ်ကုန်း၊ ရွာသာကြီး ဘူတာတို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လက်ရှိတွင် အကြိုပြင်ဆင်မှု အနေဖြင့် ရထားသံလမ်းများကို လေ့လာမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ရန်ကုန်-တောင်ငူလမ်းပိုင်း အဆင့်မြှင့်တင်မှုများ ဆောင်ရွက် သကဲ့သို့ တောင်ငူမှ မန္တလေးလမ်းပိုင်း အဆင့်မြှင့်တင်မှု လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...