Social Icons

Pages

Tuesday, June 12, 2018

မူးမြစ်ရေ မြင့်တက်၍ သရက်စိုက်ဧက ၁ဝဝဝ ကျော်နစ်မြုပ်



စစ်ကိုင်း ၁၂-၆-၂ဝ၁၈

မူးမြစ်ရေ ရုတ်တရက်မြင့်တက် လာသောကြောင့် စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲ ကျေးရွာရှိ သရက်စိုက်ဧက ၁ဝဝဝကျော် ရေနစ်မြုပ်မှု ဖြစ်ပေါ်လျက်ရှိပြီး သရက်သီး ခူးဆွတ်ရာတွင် အခက်အခဲများစွာနှင့် ကြုံတွေ့နေရကြောင်း သရက်စိုက် တောင်သူများထံမှ သိရသည်။

စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲ ကျေးရွာသည် သရက်ကို အဓိကစိုက်ပျိုးသော ဒေသဖြစ်ပြီး သရက်ခြံ အများစုမှာ မူးမြစ်ရိုးဘေးတွင် တည်ရှိကြောင်း၊ ယခင်က မူးမြစ်ရေသည် နှစ်စဉ် တော်သလင်းလနှင့် သီတင်းကျွတ်လတို့၌ သာမြင့်တက်လာပြီး သရက်ခြံများ အတွင်းသို့ ရေဝင်ရောက်လေ့ ရှိကြောင်း၊ ယခုနှစ် သရက်သီး ခူးဆွတ်တင်ပို့ ချိန်တွင် မူးမြစ်ရေ ရုတ်တရက် တိုးလာခြင်းကြောင့် ဒီပဲယင်းကွဲကျေးရွာ အနောက်ပိုင်း၊ ဒီပဲယင်းကွဲကျေးရွာတောင်ပိုင်း၊ မူးမြစ်ရိုးတစ်လျှောက်ရှိ သရက်ခြံများစုစုပေါင်း သရက်စိုက်ဧက ၁ဝဝဝ ကျော် ရေဝင်ရောက်ပြီး ရေနစ်မြုပ်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း ဒီပဲယင်းကွဲကျေးရွာမှ သရက်စိုက်တောင်သူ ဦးရွှေက ပြောပြသည်။

"ဒီပဲယင်းရွာ အနောက်ပိုင်းက သရက်ခြံတွေ အကုန်နီးပါး ရေမြုပ်တယ်။ ရွာတောင်ပိုင်း မူးရိုးတစ်လျှောက်က သရက်ခြံတွေ ရေမြုပ်ကုန်ပြီ။ ခန့်မှန်းခြေအားဖြင့် သရက်စိုက်ဧက ၁ဝဝဝကျော် ရေနစ်မြုပ်နေတယ်။ အဲဒီနေရာတွေက အခက်အခဲနဲ့ ခူးဆွတ်သိမ်းရမယ့် အနေအထား ဖြစ်ကုန်ပြီ။ အခါတိုင်း ဆိုသရက်ခြံကနေ ရွာအရောက် တစ်ခြင်းကို ငွေကျပ် ၁ဝဝ တောင် မကျဘူး။ အခုတစ်ခြင်းကို ငွေကျပ် ၃ဝဝ နဲ့ကိုရွာ ရောက်ပါ့မလားလို့ စဉ်းစားနေရတယ်" ဟု ၎င်းကပြောပြသည်။

ဒီပဲယင်းကွဲကျေးရွာရှိ သရက်စိုက် ခြံများအတွင်းသို့ မူးမြစ်ရေများ ဝင်ရောက်လာမှုကြောင့် သရက်စိုက် တောင်သူများ သရက်သီး ခူးဆွတ်ရာတွင် စရိတ်စက ကြီးမြင့်ခြင်း၊ အလေအလွင့် ဆုံးရှုံးမှုဖြစ်ပေါ်ခြင်း၊ မိုးဒဏ်ရေဒဏ် ကြောင့် ပြည်ပဈေးကွက် တင်ပို့ရာတွင် ဈေးမရရှိခြင်းစသည့် အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သရက်စိုက်တောင်သူများ ထံမှသိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...